အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ ဖခင်ကြီး ပထမ မိုးနတ်မင်းသား၏ ရုပ်ထုကို ခမ်းနားစွာ ဖွင့်လှစ်ခြင်း


ယောနသံဒေသ တည်ထောင်သူ၊ ဖခင်ကြီး ပထမ မိုးနတ်မင်းသား ၏ ကြေးရုပ်ထုအား ယောနသံမြို့ရှိ ပထမ မိုးနတ်ဥယျာဉ်၌ ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှးစ်ခဲ့သည်။

ဤရုပ်ထုသည် ပြည်သူများ၏ လေးစားချစ်ခင်မှုကို ဖော်ပြသည့် အထိမ်းအမှတ်တစ်ခုဖြစ်ပြီး၊ ဒေသ၏ခိုင်မာသည့် အခြေခံအုတ်မြစ်များကို အမြဲတမ်းအမှတ်ရနေစေရန် ရည်ရွယ်သည်။

ရုပ်ထုကို ထင်ရှားသည့် ပန်းပုပညာရှင် ဦးအောင်ခန့် က ထုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပထမ မိုးနတ်မင်းသားသည် ခေါင်းဆောင်မှုဆိုင်ရာ ပုံရိပ်အဖြစ် စားပွဲတစ်လုံး၏နောက်တွင် တည်ငြိမ်စွာ ထိုင်နေဟန်ကို ပုံဖော်ထားသည်။ ဤအနေအထားသည် ဉာဏ်ပညာ၊ အမြင်ကျယ်မှုနှင့် ဒေသကို အုပ်ချုပ်ရာတွင် လေးနက်သော စီမံကိန်းများဖြင့် တည်ထောင်ခဲ့ပုံကို ရည်ညွှန်းသည်။

ရုပ်ထုဖွင့်ပွဲ အခမ်းအနားကို ယောနသံဒေသ အကြီးအကဲ တတိယ မိုးနတ်မင်းသား နှင့် တော်ဝင်မိသားစုများ၊ အစိုးရအဖွဲ့ တို့က ဂါရဝပြု ဖွင့်လှစ်ခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တတိယ မိုးနတ်မင်းသားက ဘိုးတော်၏ အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့ရာ ဒေသအပေါ်ထားရှိသည့် အချစ်၊ ခိုင်မာသည့် စိတ်ဓာတ်နှင့် ကိုယ့်အားကိုယ်ကိုးသည့် စိတ်ဓာတ်တို့ကို အလေးပေးပြောကြားခဲ့သည်။ 

စာမူမှတ်တမ်း