အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံမြို့တော်တွင် ရန်လုံးအောင် စေတီတော်ကို တည်ထား


ယောနသံမြို့တော်တွင် ဘုရားဖူးပြည်သူများ ကိုးကွယ်နိုင်ရန်အတွက်ယောနသံဒေသ အကြီးအကဲ တတိယ မိုးနတ်မင်းသား ကြီးမှူး လှူဒါန်းသော ရန်လုံးအောင် စေတီတော် အား အောင်မြင်စွာ တည်ထား၍ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ကျင်းပပြီးစီးပြီဖြစ်ကြောင်း လေးစားစွာ ထုတ်ပြန်ကြေညာအပ်ပါသည်။

ယခုအခါ စေတီတော်ကြီး ပေါ်ထွန်းလာခြင်းက ဒေသ၏ အောင်မြင်မှုနှင့် ခိုင်မာသော ငြိမ်းချမ်းရေးကို သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။ 

ဗိသုကာလက်ရာနှင့် ထူးခြားချက်များ

ရန်လုံးအောင် စေတီတော်ကို မြန်မာ့ရိုးရာ ဗိသုကာလက်ရာများအတိုင်း ခန့်ညားထည်ဝါစွာ တည်ထားကာစေတီတော်၏ အမြင့်သည် ညာဏ်တော် ပေ ၃၀၀ရှိပြီး စေတီတော်အတွင်း၌ မြတ်စွာဘုရားရှင်၏ ဓာတ်တော်၊ မွေတော်များကိုလည်း ပင့်ဆောင်ပူဇော်ပြီးစီးခဲ့ပြီဖြစ်သည်။

စေတီတော်ပတ်လည်တွင် ရင်ပြင်တော်၊ စောင်းတန်းများနှင့် သတ္တဌာနတို့ကိုလည်း အသေးစိတ် ထည့်သွင်းတည်ဆောက်ထားရာ ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ညွှန်းသည့် ပန်းပုလက်ရာများ၊ ဗိသုကာလက်ရာများကိုလည်း ပေါင်းစပ်ထည့်သွင်းထားသည်ကို တွေ့မြင်နိုင်ပါသည်။


စာမူမှတ်တမ်း