Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
ငြိမ်းချမ်းရေးအတွက် သမိုင်းဝင် ခြေလှမ်းတစ်ရပ်အဖြစ် အထူးဒေသ ၄၊ ညောင်ဇင်မြို့၏ မြို့တော်ဝန် ဦးကျော်သန်းနှင့် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ လက်နက်များကို အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) ထံ သို့ တရားဝင် ပေးအပ်ပြီး လက်နက်ချခဲ့သည်။
လက်နက်ချရာတွင် ရိုင်ဖယ်သေနတ် အလက် ၃၀၀၊ စက်သေနတ် ၁၅ လက်၊ လက်ပစ်ဗုံး အလုံး ၅၀ နှင့် ကျည်ထောင်ပေါင်းများစွာ ပါဝင်သည်။ NDA မှ တာဝန်ရှိသူများက လက်နက်များကို စစ်ဆေး အတည်ပြုခဲ့သည်။
လက်နက်ချပွဲ အခမ်းအနားသို့ ယောနသံဒေသ အကြီးအကဲ ပထမ မိုးနတ်မင်းသား၊ ဝန်ကြီးချုပ် ဦးသက်ထွန်း၊ ကာကွယ်ရေး ဝန်ကြီး ဦးလင်းထင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းဇော် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ဒုက္ခများကို ရှည်ကြာစေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးသည် မြို့တော်၏အနာဂတ်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း မြို့တော်ဝန် ဦးကျော်သန်းက လက်နက်ချပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
အထူးဒေသ (၄) ၏ တည်ငြိမ်အေးချမ်းရေး အတွက် ယခု လုပ်ရပ်မှာ ခြေလှမ်းတစ်လှမ်း ဖြစ်ကာ ညောင်ဇင်မြို့ ခေါင်းဆောင်ပိုင်း၏ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုကြောင်း၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး လမ်းကြောင်းကို လျှောက်လှမ်းကြရန် တိုက်တွန်းပါကြောင်း ပထမ မိုးနတ်မင်းသားက ပြောသည်။
စစ်မက်ကို မလိုလားသူများ၏ ကြားဝင်ဆောင်ရွက်ပေးသည့် ငြိမ်းချမ်းရေး သဘောတူညီချက်သည် ဤဆုံးဖြတ်ချက်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အကူးအပြောင်းကာလတွင် ငြိမ်းချမ်းရေးရရှိစေရန် NDA က လုံခြုံရေးတပ်ဖွဲ့ဝင်များကို မြို့တော်တွင် ဖြန့်ကျက်ချထားခဲ့သည်။ မြို့တော်ကာကွယ်ရေးအဖွဲ့ဝင်ဟောင်းများသည် NDA ၏ ကြီးကြပ်မှုအောက်တွင် လူသားချင်းစာနာမှုနှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများတွင် ကူညီပေးမည်ဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံအဆောက်အအုံများကဲ့သို့ ဝန်ဆောင်မှုများ ပြန်လည်ထူထောင်ရန် အစီအစဉ်များ ဆောင်ရွက်နေပြီ ဖြစ်ကာ လက်နက်ချ တပ်ဖွဲ့ဝင်ဟောင်းများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းကိုလည်း အာရုံစိုက် လုပ်ဆောင်လျက် ရှိပါသည်။
စာမူမှတ်တမ်း
-
▼
2024
(171)
-
▼
October
(9)
- ယောနသံဒေသ အစည်းအဝေး ပြုလုပ်
- အထူးဒေသ ၄၊ ညောင်ဇင်မြို့၏ မြို့တော်ဝန်နှင့် မြို့တ...
- အရိန္ဒမာ ကန့်သတ် စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံး
- တံခွန်မြို့စား ရာထူးအဆောင်အယောင် ဓာတ်ပုံ ထုတ်ပြန်ခ...
- အမျိုးသားကာကွယ်ရေး တပ်မတော်တွင် အဆင့်တိုးမြှင့်ခန့...
- အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) က ကျူးကျော်သူမျ...
- ကျုးကျော်စစ် နှင့် ပတ်သက်၍ ယောနသံဒေသအကြီးအကဲ ပထမ မ...
- ယောနသံဒေသ၏ ခုခံစစ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်
- အမှတ် ၁ နယ်ခြား တပ်မဟာ ကို ဖွဲ့စည်းခြင်း
-
▼
October
(9)