Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
ညီအစ်ကို မောင်နှမများ ခင်ဗျား
ကျွန်တော်တို့ရဲ့မြေ၊ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်ခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါဟာ စစ်မြေပြင်က တိုက်ပွဲတစ်ခုလောက်ပဲ မဟုတ်ပါဘူး။ ဒါဟာ ပြည်သူတွေရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်မှုတစ်ခုပါ။ သူရဲကောင်းတွေဟာ ဒီမြေကို သူတို့လက်တွေ၊ ရဲစွမ်းသတ္တိ၊ သူတို့ရဲ့သွေးတွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
လောဘ၊ ဒေါသ နဲ့ အတ္တကြောင့် ကျွန်တော်တို့ကို ရန်သူဟာ သွေးတိုးစမ်းလာခဲ့ပါတယ်။ ဒါပေမယ့် ယောနသံဟာဘယ်သောအခါမှ ပျော့ညံ့ခြင်းမရှိသလို ကျူးကျော်သူများကို ဘယ်တော့မှ ဒူးမညွှတ်နိုင်ပါဘူး။ သူတို့ရဲ့ အင်အားတွေ၊ ယန္တရားတွေက ကျွန်တော်တို့ကို နိုင်မယ်ထင်နေတာဟာ သိပ်ရယ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ သတ္တိကို လျှော့တွက်တာပါပဲ။
တောင်ကုန်း၊ မြေပြန့်နဲ့ ချိုင့်ဝှမ်းတွေမှာ ရဲရင့်တဲ့ စစ်သည်တော်တွေဟာ ဘိုးဘေးများရဲ့ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေပါတယ်။ သူတို့ဟာ ဘုန်းတန်ခိုးအာဏာအတွက် တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ သူတို့မိသားစု၊ အိမ်အတွက်၊ ကလေးတိုင်းရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေကြတာပါ။ သူတို့ရဲ့ စိတ်ဓာတ်ကို အစွမ်းကုန် ပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်။ တပ်မတော်ကိုယုံကြည်ပါ၊ အင်အားကိုယုံကြည်ပါ၊ ကျွန်ုပ်တို့၏ကံကြမ္မာကိုယုံကြည်ပါ။
တပ်မတော်ဟာ ဒေသရဲ့ ထောင့်တိုင်းကို ကာကွယ်စောင့်ရှောက်မှာ ဖြစ်ပါတယ်။ စစ်မြေပြင်တွင်ဖြစ်စေ၊ စက်ရုံများတွင်ဖြစ်စေ ဒါမှမဟုတ် အိမ်တွေမှာ ဖြစ်စေ ဒါဟာကာကွယ်ရေးရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သိထားပါ။
သမိုင်း ရေးရမယ့်အချိန်ရောက်ပါပြီ။ ရန်သူရဲ့ သူရဲဘောကြောင်မှုအတွက် မှတ်သားထားမှာမဟုတ်ပဲ ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စည်းလုံးညီညွတ်မှုအတွက် သတိရနေမှာပါ။
စာမူမှတ်တမ်း
-
▼
2024
(171)
-
▼
October
(9)
- ယောနသံဒေသ အစည်းအဝေး ပြုလုပ်
- အထူးဒေသ ၄၊ ညောင်ဇင်မြို့၏ မြို့တော်ဝန်နှင့် မြို့တ...
- အရိန္ဒမာ ကန့်သတ် စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံး
- တံခွန်မြို့စား ရာထူးအဆောင်အယောင် ဓာတ်ပုံ ထုတ်ပြန်ခ...
- အမျိုးသားကာကွယ်ရေး တပ်မတော်တွင် အဆင့်တိုးမြှင့်ခန့...
- အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) က ကျူးကျော်သူမျ...
- ကျုးကျော်စစ် နှင့် ပတ်သက်၍ ယောနသံဒေသအကြီးအကဲ ပထမ မ...
- ယောနသံဒေသ၏ ခုခံစစ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်
- အမှတ် ၁ နယ်ခြား တပ်မဟာ ကို ဖွဲ့စည်းခြင်း
-
▼
October
(9)