အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အရိန္ဒမာ ကန့်သတ် စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံး

 အရိန္ဒမာ ကန့်သတ် စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံး

အထူးဒေသ (၄) နှင့် ဧရာဟံသာဒေသမှ ရန်လိုသော လုပ်ရပ်ကြောင့် ယောနသံဒေသ တွင် ထိခိုက်မှုများ ဖြစ်ခဲ့ရခြင်းကြောင့် အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) မှ စစ်ရေးအရ တုံ့ပြန်မှု စတင်ခဲ့ပါသည်။

စက်တင်ဘာလ ၂၅ ရက် နံနက် ၈ နာရီတွင် NDA ၏ အမှတ် ၁ နယ်ခြား တပ်မဟာ နှင့် စုပေါင်းတပ်များသည် အထူး ဒေသ ၄ ၏ ခြိမ်းခြောက်မှုများ ပြေပျောက်စေရန် ရည်ရွယ်၍ ကန့်သတ် ညှိနှိုင်း စစ်ဆင်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။

ယောနသံဒေသ၏ အချုပ်အခြာ ပိုင်နက်ကို ကျူးကျော်ခဲ့သည့်အပေါ် ယောနသံဒေသအစိုးရ တာဝန်ရှိသူများ မှ နယ်နိမိတ် လုံခြုံစေရန် ချက်ခြင်း အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။  

ရန်သူ၏ အမာခံနယ်မြေများနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ မတည်မငြိမ်ဖြစ်စေရန်အတွက် ရည်ရွယ်၍ တန်ပြန်ထိုးစစ်ကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေး အကြောင်း

အဆင့်တစ်- ကနဦးကြိုတင်ချိန် (နံနက် ၈ နာရီ မှ ၂ နာရီ)

NDA တပ်ဖွဲ့များသည် သန့်လမင်းတောင်ကြား၊ အထူးဒေသ ၄ နှင့် ဧရာဟံသာ နယ်စပ်ဂိတ် တွင် ရန်သူကို စတင်တိုက်ခိုက်ခဲ့သည်။ အမြောက်များနှင့် နည်းဗျူဟာမြောက် လေကြောင်းတိုက်ခိုက်မှုများ ပစ်ကူပေးကာ ခြေလျင်တပ်ရင်းသည် အထူးဒေသ ၄ အတွင်းသို့ ထိုးဖောက်ရာ ရန်သူ့ကင်းစခန်းများနှင့် အမာခံစခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အဆင့်နှစ် - ယောနသံဒေသ၏ မဟာဗျူဟာနေရာများ လုံခြုံစေရေး ( ၂ နာရီ မှ ညနေ ၆ နာရီ အထိ)

NDA ၏ အမှတ် ၆ တပ်မဟာ မှ တပ်ရင်းများ သည် ကန်သေတောင်ကြားအနီး ခြေကုပ်ယူကာ အရေးကြီးသော ရန်သူထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ပြီး စစ်ကူများ ရှေ့တန်းသို့မရောက်ရှိစေရန် တားဆီးနိုင်ခဲ့သည်။ NDA အမြောက်တပ်များသည် နန္ဒာရီ မြစ်အနီးရှိ ခုခံမှုကို ရှင်းလင်းခဲ့ပြီး ရန်သူဆုတ်ခွာသည့်လမ်းကြောင်းများကို ဖြတ်တောက်ကာ ရန်သူ့တပ်ဖွဲ့များကို ကစဥ့်ကလျားဖြစ်စေခဲ့သည်။

အဆင့်သုံး - ရန်သူတပ်များကို ဝိုင်းရံခြင်း (ညနေ ၆ နာရီမှ ည ၁၀ နာရီ အထိ)

မောင်းသူမဲ့ လေယာဉ် စောင့်ကြည့်ထောက်လှမ်းမှု အကူအညီဖြင့် NDA မြေပြင်တပ်ဖွဲ့များသည် ဧရာဟံသာနယ်နိမိတ် ကို ကျောပေးထားသော အထူးဒေသ ၄ တပ်ဖွဲ့ ၏ အဓိကခံစစ်လိုင်းများကို ဝန်းရံထားနိုင်ခဲ့သည်။ ပြင်းထန်သောထိုးစစ်ကြောင့် ရန်သူ၏ အမြောက်တပ်များနှင့် သံချပ်ကာယာဉ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။ NDA ၏ ည စစ်ဆင်ရေးဖြင့်မြေပြင် အနေအထား များကို အပြည့်အဝ ထိန်းချုပ် ထားနိုင်ခဲ့ပြီး ရန်သူများ ပြန်လည် စုဖွဲ့ခြင်း မပြုနိုင်စေရန် စုပုံထိန်းချုပ်နိုင်ခဲ့သည်။

 ရန်သူ အသေအပျောက်နှင့် ပျက်စီးမှုများ

ရန်သူ အများအပြားကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိပြီး သေဆုံးသူလည်းများပြားခဲ့သည်။ ရန်သူ၏ သံချပ်ကာယာဉ် ၈ စီး၊ အမြောက်ကြီး ၅ လက် နှင့် ထောက်ပံ့ပို့ဆောင်ရေး ထောက်ပံ့ရေး ထရပ်ကားများစွာ သိမ်းဆည်းရမိသည်။

ထိန်းချုပ်နယ်မြေ
 
NDA တပ်ဖွဲ့များသည် အထူးဒေသ ၄ ၏ ပိုင်နက်အတွင်း ၁၂ မိုင်ကို ထိန်းချုပ်ထားသည်။

စစ်ဆင်ရေး၏ မဟာဗျူဟာ ရည်မှန်းချက်

အထူးဒေသ ၄ မှ နယ်စပ်ဖြတ်ကျော် ရန်စမှုများ ထပ်မံမဖြစ်နိုင်ရေး သေချာစေရန် စီစဥ်ထားခြင်း ဖြစ်သည်။ ယောနသံဒေသ ကို ခြိမ်းခြောက်လာနိုင်သော ရန်သူထောက်ပံ့ရေးလမ်းကြောင်းများနှင့် စစ်ရေးလှုပ်ရှားမှုနယ်မြေများကို ဆက်လက်စောင့်ကြည့်ထိန်းချုပ်လျက်ရှိသည်။ ဤ စစ်ဆင်ရေးသည် ယောနသံဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ဖြစ်လာနိုင်သော ကျူးကျော် ခြိမ်းခြောက်မှုများကို တားဆီးရန် ရည်ရွယ်သည်။

ယခု စစ်ဆင်ရေး အရ ရရှိသော နယ်မြေကို အပြီးသတ် သိမ်းပိုက်ခြင်းမဟုတ်ပဲ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာနိုင်သည့် အန္တရာယ်များကို ပြေပျောက်စေရန်အတွက် လိုအပ်သော ကာကွယ်ရေးအစီအမံတစ်ခုသာဖြစ်သည်။

စာမူမှတ်တမ်း