Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
ကာကွယ်ရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သည်။
ဧရာဟံသာနှင့် နှင့် အထူးဒေသ ၄ မှ ပူးပေါင်း တပ်ဖွဲ့များ၏ ကျူးကျော်ရန်စခြင်း ကို အောင်မြင်စွာ ခုခံ ကာကွယ်နိုင်ခဲ့ကြောင်း ယောနသံဒေသ အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် ကြေညာ လိုက်သည်။
ရန်သူတပ်ဖွဲ့များသည် ယောနသံဒေသနှင့် အထူးဒေသ ၄ ထိစပ်ရာ နယ်နိမိတ်၏ နေရာ ၂ ခုမှ ဖြတ်ကျော်ဝင်ရောက်ကာ အမှတ် ၃ တပ်မဟာဌာနချုပ်နှင့်ရန်အောင်မြင်မြို့ အပါအဝင် အရေးကြီးသောနေရာများကို သိမ်းပိုက်နိုင်ရေးအတွက် လျှပ်တပြက် ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) သည် အမှတ် ၃ တပ်မဟာ နှင့် အမှတ် ၆ တပ်မဟာတို့ ၏ လက်အောက်မှ တပ်ရင်းများဖြင့် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ ရန်အောင်မြင်ဒေသခွဲ ကာကွယ်ရေးကို အားကောင်းစေရန်အတွက် အမှတ် ၁၂ တပ်မဟာ မှ တပ်ရင်းအချို့ကို တပ်ကူ စေလွှတ်ခဲ့သည်။ ထို့အပြင် အရံတပ်မှ တပ်ဖွဲ့ဝင်များကလည်း ခံစစ်ကြောင်း ခိုင်မာရေးအတွက် စစ်ကူအနေဖြင့် ပါဝင်ခဲ့သည်။
ရန်သူတပ်များသည် Nandar Ridge ကာကွယ်ရေးကို ချိုးဖောက်ပြီး Zeya Pass သို့ စတင်ချီတက်လာသည်။ NDA တပ်ဖွဲ့များသည် ရန်အောင်မြင် ဒေသခွဲတွင် ကနဦး ခံစစ်စည်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ အမြောက်တပ်ကလည်း ရန်သူကို ဦးနှိမ်ပစ်ခတ်ခဲ့သည်။
လေတပ်သည် ရန်သူတပ်ဖွဲ့ဝင်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ရန်သူ၏ ထောက်ပံ့ရေးလိုင်းများကို ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့သည်။ ရန်သူတပ်များက ရာဇဌာနီဒေသခွဲတွင် စုရုံးရန် ကြိုးပမ်းချိန်တွင် NDA က တန်ပြန်ထိုးစစ်ကို စတင်ခဲ့သည်။ အမြောက်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများသည် ရန်သူ၏ စိတ်ဓာတ်နှင့် ဖွဲ့စည်းမှုများကို ထိခိုက်စေခဲ့သည်။
NDA ၏ ခြေလျင်နှင့် သံချပ်ကာတပ်ဖွဲ့များသည် ရန်သူအကြား ဖြတ်ကျော်ဝင်ရောက်ကာ တန်ပြန်တိုက်ခိုက်ခဲ့ရာ ရာဇဌာနီဒေသခွဲနှင့် ရန်အောင်မြင်ဒေသခွဲရှိ အချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ NDA ၏ တပ်ဖွဲ့ဝင်များသည် အမှတ် ၃ တပ်မဟာ ဌာနချုပ်ကို အယောင်ပြ တိုက်ခိုက်ကာ ရာဌာဇဌာနီ ဒေသခွဲရှိ စစ်ကြောင်းသို့ ပူးပေါင်းရန် ကြိုးပမ်းနေသော ရန်သူ့ခြေလျင်တပ်များကို ဟန့်တား ချေမှုန်းပြီး အောင်ပွဲခံနိုင်ခဲ့သည်။
ရန်သူတပ်များသည် အပြည့်အဝဆုတ်ခွာသွားရာတွင် ၄င်းတို့၏ စစ်လက်နက် ပစ္စည်းများကို စွန့်ခွာခဲ့ပြီး NDA တပ်ဖွဲ့များသည် ရန်သူအား နယ်စပ် အထိ လိုက်လံ ချေမှုန်ခဲ့ပြီး ယခုအခါ ကောက်သင်းကောက် စစ်ဆင်ရေးကို ဆောင်ရွက်နေသည်။
ရန်သူ၏ တပ်ဖွဲ့ဝင် ထက်ဝက်ကျော် ထိခိုက်သေဆုံးပြီး သံချပ်ကာယာဉ် ၁၂ စီး၊ အမြောက်ကြီး ၄ လက်၊ စစ်လက်နက်ပစ္စည်းများနှင့် ထောက်ပံ့ရေးထရပ်ကားအများအပြား သိမ်းဆည်းရမိသည်။ ထို့အပြင် အထူးဒေသ ၄ တပ်ဖွဲ့မှ ဗျူဟာမှူး အပါအဝင် ရန်သူ အရာရှိ အများအပြားကို ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် စစ်ဆေးမေးမြန်းနေသည်။
နယ်ခြားမျဉ်းတလျှောက် လုံခြုံရေးအစီအမံများ တိုးမြှင့်ထားပြီး ပုံမှန် ကင်းလှည့်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
စာမူမှတ်တမ်း
-
▼
2024
(171)
-
▼
October
(9)
- ယောနသံဒေသ အစည်းအဝေး ပြုလုပ်
- အထူးဒေသ ၄၊ ညောင်ဇင်မြို့၏ မြို့တော်ဝန်နှင့် မြို့တ...
- အရိန္ဒမာ ကန့်သတ် စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံး
- တံခွန်မြို့စား ရာထူးအဆောင်အယောင် ဓာတ်ပုံ ထုတ်ပြန်ခ...
- အမျိုးသားကာကွယ်ရေး တပ်မတော်တွင် အဆင့်တိုးမြှင့်ခန့...
- အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) က ကျူးကျော်သူမျ...
- ကျုးကျော်စစ် နှင့် ပတ်သက်၍ ယောနသံဒေသအကြီးအကဲ ပထမ မ...
- ယောနသံဒေသ၏ ခုခံစစ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်
- အမှတ် ၁ နယ်ခြား တပ်မဟာ ကို ဖွဲ့စည်းခြင်း
-
▼
October
(9)