အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

Democratic Monarchy စနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်းကာ ဗဟိုစုပေါင်း အဖွဲ့ကြီး စတင်ဖွဲ့စည်း

ဒေသတွင်း ညီနောင်မဟာမိတ် နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်တက်ရောက်ကြသည့် ဗဟိုစုပေါင်း ညီလာခံကြီးကို ယောနသံဒေသ၏ မြို့တော် ဖြစ်သော ယောနသံမြို့တွင် ခြောက်ရက်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

ညီလာခံကြီးတွင် မကြာမီက ယောနသံ တိုးတက်ရေးအဖွဲ့ (YNPO) ညီလာခံကြီးမှ တညီတညွတ်တည်း ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုခဲ့သော Democratic Monarchy စနစ် အသွင်သဏ္ဍာန် နှင့် မူဝါဒလမ်းစဥ် အသစ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ညီနောင်အဖွဲ့အစည်းများ က Democratic Monarchy စနစ် နှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အဆိုပါ စနစ်ကို လက်ခံကျင့်သုံးရန် အခြေအနေနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

Democratic Monarchy စနစ် ကျင့်သုံးသော နိုင်ငံရေးအဖွဲ့အစည်းများစုပေါင်းကာ ဗဟိုစုပေါင်းအဖွဲ့ ကြီးကို တည်ထောင်ရန် တက်ရောက်လာသူအားလုံး သဘောတူညီခဲ့ကြပြီး ယောနသံတိုးတက်ရေးအဖွဲ့ (YNPO) ၏ ဥက္ကဋ္ဌ ဦးဇေယျာမောင် ​ကို အဖွဲ့၏ ဥက္ကဋ အဖြစ် မဲပေးရွေးချယ်ခဲ့ကြသည်။

ထို့အပြင် ပြည်သူစုပေါင်း စာကြည့်တိုက်ကိုလည်း Democratic Monarchy စနစ် ၏ ဗဟိုအသိညာဏ် စုဝေးရာနေရာအဖြစ် သတ်မှတ်ပြီး အဖွဲ့ကြီး၏ ဗဟို စာကြည့်တိုက်အဖြစ် အတည်ပြုခဲ့သည်။

စာမူမှတ်တမ်း