အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

စစ်ရေးသတင်း ထုတ်ပြန်ချက်

ယောနသံဒေသ အစိုးရသည် ယောနသံဒေသ၏ မဟာမိတ် ဖြစ်သော ရွှေအောင်လံ ဒေသကို အကာအကွယ်ပေးရန် အမျိုးသား​ကာကွယ်ရေး တပ်မတော်မှ ထပ်များကို စေလွှတ်မည် ဖြစ်သည်။

ဧရာဟံသာ ဒေသ စစ်တပ်မှ ရွှေအောင်လံ ဒေသကို ကျူးကျော်ရန်စခဲ့သည့်အပေါ် ယောနသံဒေသသည် အလျင်အမြန် ကာကွယ်ရန်အတွက် ရွှေအောင်လံ ဒေသနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဧရာဟံသာ ဒေသစစ်တပ်သည် ရွှေအောင်လံဒေသ အတွင်း နီးသောရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျူးကျော် ဝင်ရောက်ခြင်းများကို ပြုလုပ်ခဲ့သည့် အပြင် ရွှေအောင်လံဒေသမှ အုပ်ချုပ်ရေး ခေါင်းဆောင်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ယောနသံဒေသ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လင်းထ​င်​က ယောနသံဒေသ၏ မဟာမိတ်အား အကာအကွယ်ပေးရမည်မှာ ကျွန်တော်တို့၏ တာဝန်တစ်ရပ် ဖြစ်ပါသည်။ ဧရာဟံသာဒေသ စစ်တပ်၏ ကျူးကျော်မှုများကို တိုက်ထုတ်ရန်အတွက် အမျိုးသား​ကာကွယ်ရေး တပ်မတော်မှ စစ်ပြင်ဆင်ထားပြီးဖြစ်ကာ ဒေသ ခေါင်းဆောင်နှစ်ဦးလည်း အခြေအနေကို ဆက်သွယ်ပြောကြားပြီး ဖြစ်ပါသည်ဟုပြောကြားခဲ့သည်။

အမျိုးသား ကာကွယ်ရေး တပ်မတော်မှ ၅၈၂ တပ်ရင်း၊ ၇၆၂ တပ်ရင်းနှင့် ၈၅၁ တပ်ရင်း တို့ကို အလျင်အမြန် စေလွှတ်ထားပြီး လေတပ်ကလည်း ပစ်ကူပေးမည် ဖြစ်သည်။

စာမူမှတ်တမ်း