အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အိန္ဒိယနိုင်ငံဆိုင်ရာ ယောနသံဒေသ ကိုယ်စားလှယ်ခန့်အပ်

ယောနသံဒေသအစိုးရသည် အိန္ဒိယနိုင်ငံဆိုင်ရာ ယောနသံဒေသကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးရဲမွန်အား ခန့်အပ်ကြောင်း ကြေညာအပ်ပါသည်။

ဦးရဲမွန်သည် ယောနသံဒေသအတွက် အရေးကြီးသော ကာကွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်စေရန် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။

ဦးရဲမွန်သည် ယောနသံဒေသ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် ဝန်ထမ်းဆောင်စဥ် စစ်ရေးနှင့် အုပ်ချုပ်ရေးတွင် ထူးခြားသောအောင်မြင်မှုရှိခဲ့သည်။

အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ်၊ သူ၏တာဝန်များမှာ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အပြန်အလှန်လုပ်ဆောင်မှုများတိုးမြှင့်ရန်ဖြစ်သည်။

ယောနသံဒေသအစိုးရမှ ဦးရဲမွန်ကို ယခုလိုအရေးကြီးသော အခန်းကဏ္ဍတွင် ခန့်အပ်လိုက်ခြင်းသည် ယောနသံဒေသနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးများ တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းမှုကြီးတစ်ရပ် ဖြစ်သည်။


စာမူမှတ်တမ်း