အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

Democratic Monarchy စနစ်အကြောင်း

Democratic Monarchy စနစ်ပေါ်ပေါက်လာပုံ

Democratic Monarchy စနစ်သည် ယဉ်ကျေးမှုနှင့် တိုးတက်မှု၊ တည်ငြိမ်မှုအတွက် လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသော ဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ မရနိုင်။ အလားတူ မြန်မာနိုင်ငံကဲ့သို့ ကျင့်သုံး၍ မရသော နိုင်ငံများစွာလည်း ကျန်ရှိနေသေးသည်။ ပြည်သူများ ဒီမိုကရေစီ စံနှုန်း မပြည့်ခြင်းကြောင့် မဟုတ်။ ပထဝီအနေအထားကြောင့် ဖြစ်သည်။

ယခု စနစ်မှာ ဒီမိုကရေစီစနစ်နှင့် တော်ဝင်မိသားစုအုပ်ချုပ်မှုစနစ်တို့၏ အားသာချက်များကို ပေါင်းစပ်ကာ မျှတသော ၊ရေရှည်တည်တံ့သော အုပ်ချုပ်မှုစနစ်တစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။

ယနေ့ကမ္ဘာတွင် ဒီမိုကရေစီစနစ် ဆိုသော်လည်း အာဏာရှင်စနစ်နှင့် ရောနှောထားသည် ဖားတပိုင်း ငါးတပိုင်း စနစ်များ ပေါ်ထွန်းနေသည်မှာ ကြာမြင့်ပေပြီ။ ထို့အတူ ဆိုရှယ်လစ်စနစ်ဆိုသော်လည်း ကိုယ့်အဖို့သာ ကြည့်သူများလက်ထဲတွင် အာဏာရှင်စနစ်သို့ အသွင်းပြောင်းသွားသည်မှာ အများအသိပင်။

သက်ဦးဆံပိုင်စနစ်မှာမူ အားလုံးသိပြီးဖြစ်သည့်အတိုင်း ဆံစမှ ခြေဖျားအဆုံး အုပ်ချုပ်သူက ပိုင်ဆိုင်ခြင်းဖြစ်ပေရာ ပို၍ပင် အာဏာရှင်ဆန်ကြောင်း တွေ့ရပေမည်။

သို့သော်နိုင်ငံရေးစနစ်များ အားလုံးသည်ပင် မကောင်းခြင်းမဟုတ်။ စနစ်တိုင်းတွင်အားသာချက်များ ရှိကြသည်ပင်။ Democratic Monarchy စနစ်သည် ဒီမိုကရေစီစနစ် ၏ လူထု ပါဝင်သော နည်း၊ ထိန်းချုပ်ကြပ်မတ်ထားသော တော်ဝင်မိသားစု ဆက်ခံသည့် စနစ်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထူးခြားသည်က ပါလီမန် ဒီမိုကရေစီစနစ်နှင့် မတူ။ ပြည့်သူ့ဆန္ဒကို အုပ်ချုပ်သူက အကောင်အထည်ဖော်ပေးသော စနစ်ဖြစ်သည်။

အောက်တွင် ဖော်ပြပါ အချက်အလက်များမှာ Democratic Monarchy စနစ် အတွက် ပင်မ အူတိုင်ဟု ဆိုရမည့် အုပ်ချုပ်မှုနှင့် နိုင်ငံရေး အတွေးအခေါ်ဖြစ်ပြီး စနစ်၏ ဝိညာဥ်လည်း ဖြစ်ပေသည်။

စနစ်နှစ်ခု ပေါင်းစပ်မှု

1. **တော်ဝင်အုပ်ချုပ်မှု၏ အားသာချက်များ**: တည်ငြိမ်မှု၊ တသားမတ်တည်း ဦးဆောင်နိုင်မှု။
2. **ဒီမိုကရေစီ၏ အားသာချက်များ**: ပြည်သူများ၏ ဆန္ဒကို ထောက်ခံခြင်း၊ အခွင့်အရေးများကို ထောက်ပံ့ခြင်း၊ အစိုးရကို ထိန်းကျောင်း တည့်မတ်နိုင်ခြင်း။

**Democratic Monarchy စနစ်အရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စံနှုန်းများ**

**အခြေခံမူဝါဒများ**

1. **တော်ဝင်အုပ်ချုပ်မှု** 
   - ဒေသအကြီးအကဲအဖြစ် တော်ဝင်မိသားစုမှ ခန့်အပ်ခံရသူက အုပ်ချုပ်ခြင်း။
  
2. **ပြည်သူ့ဆန္ဒ** 
   - ပြည်သူ့အတိုင်ပင်ခံကောင်စီဝင်များကို ပြည်သူများက ရွေးကောက်ခြင်း။
  
3. **တရားမျှတမှုနှင့် တည်ငြိမ်မှု** 
   - တရားမျှတစွာ အုပ်ချုပ်ပြီး တည်ငြိမ်မှုကို ထိန်းသိမ်းရန် မူဘောင်ကန့်သတ်ထားခြင်း။

**တာဝန်ပေးခြင်း**

- **အကြီးအကဲ** 
   - အစိုးရအဖွဲ့ဝင်များကို ခန့်အပ်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သည်။

- **အကြီးအကဲ ကို ဖြုတ်ချခြင်း** 
  - အကြီးအကဲ ကို ပြည်သူက ဆန့်ကျင်ခြင်း၊ သတ်မှတ်ချက်များနှင့် မညီသည့် အပြုအမူများ ဆောင်ရွက်ပါက ရာထူးမှ ဖြုတ်ချနိုင်ကာ အမွေဆပ်ခံသူကလည်း အရည်အချင်းမပြည့်မီပါက ကော်မတီတစ်ရပ်ဖွဲ့ကာ ယာယီအုပ်ချုပ်ပြီး သင့်တော်သူ တစ်ဦးဦးကို ရွေးချယ်ခန့်အပ်ရမည်။ 

- **လွှတ်တော်** 
   - ပြည်သူများ ရွေးကောက်ထားသော လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းခြင်း။

ဒေသ အကြီးအကဲကို အကြံပေးရန် အတွက် လက်ရုံးကော်မတီ ဖွဲ့စည်းခြင်း

ရာထူးခန့်အပ်ခြင်း 
ဥက္ကဋ္ဌ- ကော်မတီ၏ ဥက္ကဋ္ဌကို မင်းသားက ခန့်အပ်ရမည် ဖြစ်ပြီး ကော်မတီ၏ လုပ်ငန်းဆောင်တာများကို ကြီးကြပ်ရာတွင် ဦးဆောင်မှု အခန်းကဏ္ဍက ရှိသည်။ ဥက္ကဋ္ဌသည် ကော်မတီ၏လုပ်ငန်းဆောင်တာများကို လမ်းညွှန်ရန်၊ အဖွဲ့ဝင်များအကြား ကြိုးပမ်းအားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် ကော်မတီ၏ တရားဝင် ဆောင်ရွက်မှုများတွင် ကိုယ်စားပြုရန် တာဝန်ရှိသည်။ မကြိုက်ပါက ပြည်သူများ အနေဖြင့် အကြောင်းပြချက် ခိုင်လုံစွာဖြင့် ဖြုတ်ချခွင့် ရှိသည်။ 

အဖွဲ့ဝင်များ - သက်ဆိုင်ရာနယ်ပယ်များတွင် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများအပေါ် မူတည်၍ ကော်မတီဝင်များကို မဲစနစ်ဖြင့် ခန့်အပ်ရမည်။ ပြည်သူများက အချိန်မရွေး အကြောင်းပြချက်ခိုင်လုံစွာဖြင့် ဖြုတ်ချခွင့် ရှိသည်။ ၎င်းတို့သည် ကော်မတီ၏ ဆွေးနွေးမှုများ၊ သုတေသနနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ရမည်။ 

ကော်တီဝင်များ
ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ - ကော်မတီတွင် အုပ်ချုပ်ရေး၊ ဥပဒေ၊ နိုင်ငံရေးသိပ္ပံ၊ သမိုင်းနှင့် ပြည်သူ့အုပ်ချုပ်ရေးစသည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများနှင့် ကျယ်ပြန့်သော အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ ပါဝင်ရမည်။ 

ဤသို့ ပါဝင်ခြင်းဖြင့် Democratic Monarchy စနစ်၏ ကျယ်ကျယ်ပြန့်ပြန့်နားလည်မှုကို သေချာစေပြီး ကော်မတီ၏ ဆုံးဖြတ်ချက်များကို ခိုင်မာစေသည်။ 

လွတ်လပ်ခြင်း နှင့် သမာသမတ်ကျမှု- ကော်မတီသည် လွတ်လပ်ခြင်း နှင့် သမာသမတ်ကျရာတွင် မြင့်မားသောအဆင့် ပေးအပ်ထားပြီး လုပ်ဆောင်ချက်များနှင့် အကြံပြုချက်များသည် ယောနသံ ဒေသ၏ အကျိုးစီးပွားအတွက် တွန်းအားဖြစ်စေကြောင်း သေချာစေရမည်။ ကော်မတီ ၏ ကြိုးပမ်းမှုအားလုံးတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် သမာဓိရှိမှုဆိုင်ရာ အခြေခံမူများကို ထောက်တိုင်အဖြစ် ထားရမည်။ 

ပူးပေါင်းဆောင်ရွက်ခြင်း - ကော်မတီသည် အစိုးရအရာရှိများ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် အများပြည်သူများအပါအဝင် သက်ဆိုင်သူအသီးသီးထံမှ သဘောထားအမြင်များကို ရှာဖွေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သည့် ချဉ်းကပ်မှုကို ဖော်ဆောင်ရမည်။

ရွေးချယ်ခြင်း 
ကော်မတီအဖွဲ့ဝင်များအား သက်ဆိုင်ရာနယ်ပယ်များတွင် ၎င်းတို့၏ အရည်အချင်းများ၊ ကျွမ်းကျင်မှုနှင့် မှတ်တမ်းမှတ်တမ်းများအပေါ် အခြေခံ၍ ရွေးချယ်ရမည်။
ရွေးချယ်ရေးလုပ်ငန်းစဉ်သည် အရည်အချင်းကို အလေးပေး၍ လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာရှိသော ပုဂ္ဂိုလ်များကို ခန့်အပ်ကြောင်း သေချာစေရမည်။ ဒေသ​ပြင်ပတွင် နေထိုင်သူများကိုလည်း ချွင်းချက်ဖြင့် ရွေးချယ်နိုင်သည်။ 

ပွင့်လင်းမြင်သာသော ရွေးချယ်မှု စံသတ်မှတ်ချက် - ကော်မတီဝင်များ ရွေးချယ်ခြင်းအတွက် စံနှုန်းများကို ရှင်းလင်းစွာ သတ်မှတ်ပြီး အများသူငှာသို့ ထုတ်ပြန်ပေးရသည်။ရွေးချယ်ရေးလုပ်ငန်းစဉ်သည် တရားမျှတပြီး ဘက်မလိုက်ဘဲ ရည်မှန်းချက်စံနှုန်းများပေါ်တွင် အခြေခံထားကြောင်း သေချာစေရမည်။ 

အမည်စာရင်းတင်သွင်းခြင်းနှင့် အကဲဖြတ်ခြင်း- ကော်မတီအဖွဲ့ဝင်ဖြစ်ရန် အလားအလာရှိသော ကိုယ်စားလှယ်လောင်းများကို အစိုးရအဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် YNPO အပါအဝင် အဖွဲ့အစည်းအသီးသီးမှ အမည်စာရင်းတင်သွင်းနိုင်သည်။

အမည်စာရင်းတင်သွင်းသူများကို ၎င်းတို့၏ အရည်အချင်းများ၊ ကျွမ်းကျင်မှုနှင့် Democratic Monarchy စနစ်၏ အခြေခံမူများအပေါ် ကတိကဝတ်ကို အကဲဖြတ်ပြီး တင်းကျပ်သော ရွေးချယ်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ရမည်။ 

ကော်မတီ ၏ တာဝန် နှင့် ဝတ္တရားများ 
ပြည်သူများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ကာကွယ်ခြင်း၊တော်ဝင်စနစ်နှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကြား ပါဝါချိန်ခွင်လျှာရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ခြင်းတို့ ပါဝင်သည်။

**ယောနသံ တိုးတက်ရေးအဖွဲ့ (YNPO)**

ယောနသံ တိုးတက်ရေးအဖွဲ့ (YNPO) သည် ယောနသံဒေသ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်ပြီး Democratic Monarchy စနစ်ကို အကောင်အထည်ဖော်ရာတွင် ထိန်းသိမ်းကြပ်မတ်ရန် တာဝန်ရှိသည်။

**ရာထူးခွဲဝေမှု**

1. **ဥက္ကဋ္ဌ (Chairperson)** 
   - အထွေထွေညှိနှိုင်းမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို စီမံခန့်ခွဲခြင်း။
   - အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်တာများကို ဦးဆောင်ခြင်း။

2. **ဒုတိယဥက္ကဋ္ဌ (Vice Chairperson)** 
   - ဥက္ကဋ္ဌမရှိချိန်တွင် အထွေထွေညှိနှိုင်းမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို စီမံခန့်ခွဲခြင်း။
   - လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

3. **အတွင်းရေးမှူးချုပ် (Secretary-General)** 
   - စာရင်းစာတမ်းများကို စီမံခန့်ခွဲခြင်း။
   - အစည်းအဝေးများ၏ အစီရင်ခံစာများနှင့် အတည်ပြုချက်များကို စီမံခြင်း။

4. **ဘဏ္ဍာရေးမှူး (Treasurer)** 
   - ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာများကို စီမံခန့်ခွဲခြင်း။
   - ဘဏ္ဍာရေးအခြေအနေများကို စစ်ဆေးခြင်းနှင့် အစီရင်ခံခြင်း။

**ကော်မတီခွဲများ**

1. **အုပ်ချုပ်ရေးကော်မတီ (Administrative Committee)** 
   - အုပ်ချုပ်ရေးဆိုင်ရာများကို ညှိနှိုင်းခြင်းနှင့် စီမံခန့်ခွဲခြင်း။
   - အစိုးရ၏ နိုင်ငံရေးမူဝါဒများကို လိုက်နာဆောင်ရွက်ခြင်း။

2. **လုံခြုံရေးကော်မတီ (Security Committee)** 
   - ဒေသလုံခြုံရေးနှင့် စည်းမျဉ်းစိစစ်ရေးများကို စီမံခြင်း။
   - ပြည်သူများ၏ လုံခြုံရေးနှင့် သတင်းအချက်အလက်များကို စစ်ဆေးခြင်း။

3. **ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Development Committee)** 
   - ဖွံ့ဖြိုးတိုးတက်မှုမူဝါဒများကို ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း။
   - လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို စီမံခန့်ခွဲခြင်း။

4. **ပြည်သူ့ ပူပေါင်းဆောင်ရွက်မှုကော်မတီ (Public Engagement Committee)** 
   - ပြည်သူများ၏ ပါဝင်ဆောင်ရွက်မှုနှင့် ဆက်ဆံရေးများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်း။
   - ပြည်သူများ၏ တရားမျှတမှုနှင့် အခွင့်အရေးများကို ထိန်းသိမ်းရန် အစီအမံများ လုပ်ဆောင်ခြင်း။

5. **ပြည်ပဆက်ဆံရေးကော်မတီ (International Relations Committee)** 
   - နိုင်ငံတကာဆက်ဆံရေးများကို ထိန်းသိမ်းကြပ်မတ်ခြင်း။
   - နိုင်ငံတကာတွင် ယောနသံဒေသ၏ ရေရှည်တည်တံ့မှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း။

6. **စီမံခန့်ခွဲမှုကော်မတီ (Management Committee)** 
   - အစိုးရအဖွဲ့ဝင်များ၏ လုပ်ငန်းများကို စီမံခန့်ခွဲခြင်း။
   - ကော်မတီ၏ အစီအစဉ်များကို သေချာစွာ အကောင်အထည်ဖော်ရန် ကြီးကြပ်ခြင်း။

**ရာထူးများကို ခန့်အပ်ပုံ**

ဥက္ကဋ္ဌ (Chairperson)
   - ရွေးချယ်မှု: ဒေသအကြီးအကဲနှင့် အကြီးအကဲ၏ အကြံပေးအဖွဲ့မှ တင်မြှောက်သော စာရင်းအရ အဖွဲ့ဝင်များ၏ အတည်ပြုချက်ဖြင့် ရွေးချယ်သည်။
   - ခန့်အပ်မှု: အဖွဲ့ဝင်များ၏ အတည်ပြုချက်ဖြင့် ခန့်အပ်သည်။

ဒုတိယဥက္ကဋ္ဌ (Vice Chairperson)
   - ရွေးချယ်မှု: ဥက္ကဋ္ဌ၏ အတည်ပြုချက်အရ ရွေးချယ်သည်။
   - ခန့်အပ်မှု: ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အတည်ပြုချက်ဖြင့် ခန့်အပ်သည်။

အတွင်းရေးမှူးချုပ် (Secretary-General)
- ရွေးချယ်မှု: ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အတည်ပြုချက်အရ ရွေးချယ်သည်။
- ခန့်အပ်မှု: အဖွဲ့ဝင်များ၏ အတည်ပြုချက်ဖြင့် ခန့်အပ်သည်။

ဘဏ္ဍာရေးမှူး (Treasurer)
- ရွေးချယ်မှု: ဥက္ကဋ္ဌ၏ အတည်ပြုချက်အရ ရွေးချယ်သည်။
- ခန့်အပ်မှု: ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အတည်ပြုချက်ဖြင့် ခန့်အပ်သည်။

**ကော်မတီခွဲ တာဝန်ခန့်အပ်မှု**

1. **အုပ်ချုပ်ရေးကော်မတီ (Administrative Committee)**
   - ရွေးချယ်မှု: ကော်မတီအဖွဲ့ဝင်များ၏ အတည်ပြုချက်နှင့် အကြီးအကဲ၏ အကြံပေးအဖွဲ့မှ တင်သွင်းသော စာရင်းအရ ရွေးချယ်သည်။
   - တာဝန်: အုပ်ချုပ်ရေးဆိုင်ရာ ပြဌာန်းချက်များအား အကောင်အထည်ဖော်ခြင်း။

2. **လုံခြုံရေးကော်မတီ (Security Committee)**
   - ရွေးချယ်မှု: လုံခြုံရေးဆိုင်ရာ အတွေ့အကြုံရှိသူများထဲက ရွေးချယ်သည်။
   - တာဝန်: ဒေသအတွင်း လုံခြုံရေးနှင့် သက်ဆိုင်ရာ အရေးပေါ်အခြေအနေများကို စောင့်ကြည့်ကာကွယ်ခြင်း။

3. **ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Development Committee)**
   - ရွေးချယ်မှု: အဖွဲ့ဝင်များ၏ ဆန္ဒနှင့် အတည်ပြုချက်အရ ရွေးချယ်သည်။
   - တာဝန်: ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ဆောင်ရွက်ချက်များကို ဆောင်ရွက်ခြင်း။

4. **ပြည်သူ့ဆောင်ရွက်မှုကော်မတီ (Public Engagement Committee)**
   - ရွေးချယ်မှု: ပြည်သူများနှင့် နီးစပ်မှုရှိသည့် သူများထဲက ရွေးချယ်သည်။
   - တာဝန်: ပြည်သူများနှင့် ဆက်ဆံမှုများကို အကောင်းဆုံးဆောင်ရွက်ခြင်း။

5. **ပြည်ပဆက်ဆံရေးကော်မတီ (International Relations Committee)**
   - ရွေးချယ်မှု: နိုင်ငံတကာဆက်ဆံရေးအတွေ့အကြုံရှိသူများထဲက ရွေးချယ်သည်။
   - တာဝန်: နိုင်ငံတကာဆက်ဆံရေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

6. **စီမံခန့်ခွဲမှုကော်မတီ (Management Committee)**
   - ရွေးချယ်မှု: စီမံခန့်ခွဲမှုအတွေ့အကြုံရှိသူများထဲက ရွေးချယ်သည်။
   - တာဝန်: စီမံခန့်ခွဲမှုဆိုင်ရာ ပြဌာန်းချက်များကို အကောင်အထည်ဖော်ခြင်း။

Democratic Monarchy စနစ်၏ အားသာချက်များ
တည်ငြိမ်မှု
တော်ဝင်မိသားစု နှင့် ဒီမိုကရေစီရွေးကောက်ခံ ကိုယ်စားလှယ်များ ပူးပေါင်းပြီး အုပ်ချုပ်သောကြောင့် တည်ငြိမ်သော အုပ်ချုပ်မှုကို ရရှိနိုင်သည်။

အခွင့်အရေးနှင့် တရားမျှတမှု
ပြည်သူများ၏ ဆန္ဒကို အခြေခံ၍ အုပ်ချုပ်သောကြောင့် အခွင့်အရေးနှင့် တရားမျှတမှုကို ထိန်းသိမ်းနိုင်သည်။

အင်အားကြီးသော အုပ်ချုပ်မှု
တော်ဝင်မိသားစုမှ အကြီးအကဲ၏ ရေရှည်ခေါင်းဆောင်မှုအောက်၊ လုပ်ငန်းဆောင်တာများအောက်တွင် အုပ်ချုပ်သောကြောင့် အင်အားကြီးသော အုပ်ချုပ်မှုကို ရရှိနိုင်သည်။

Democratic Monarchy စနစ်အတွက် သတိထားရမည့် အချက်များ
- တော်ဝင်မိသားစုနှင့် ပြည်သူ့ကိုယ်စားလှယ်များအကြား ပဋိပက္ခ ဖြစ်နိုင်သည်။
အုပ်ချုပ်ရေးခွဲခြားမှု: တော်ဝင်မိသားစုများက ရာထူး ရယူမှုများပြားလျှင် တော်ဝင်မိသားစု နှင့် ပြည်သူ့ကိုယ်စားလှယ်များအကြား ပဋိပက္ခ ဖြစ်နိုင်သည်။
ပြည်သူများ၏ မူဝါဒကွာခြားမှု: ပြည်သူများ၏ ဆန္ဒနှင့် တော်ဝင်မိသားစု၏ မူဝါဒအကြား ကွာခြားမှုများဖြစ်တတ်သည်။

စာမူမှတ်တမ်း