အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံ ဒေသ အကြီးအကဲ က အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) သို့ ပြောကြားသည့် မိန့်ခွန်း


အမျိုးသားကာကွယ်ရေးတပ်မတော်က အဆင့်မြင့်အရာရှိကြီးများ၊ အရာရှိတွေနဲ့ ချစ်ခင်လေးစားရတဲ့  သံမဏိစစ်သည်တော်အပေါင်းတို့

ဒီနေ့ မင်းတို့ရဲ့ ခိုင်မာတဲ့ စည်းကမ်းနဲ့ မာန်ပါတဲ့ အကြည့်တွေကို ငါက မြင်ရလို့ အလွန်ကိုပင် စိတ်အား တက်ကြွရပါတယ်။မင်းတို့ဟာ သာမန်တပ်သားတွေ မဟုတ်ပဲ ယောနသံဒေသရဲ့ ဂုဏ်သိက္ခာ၊ အနာဂတ်နဲ့ မျှော်လင့်ချက်တို့ကို ကိုယ်စားပြုတဲ့ သူရဲကောင်းတွေ ဖြစ်တယ်။ မင်းတို့ရဲ့  တည်ငြိမ်တဲ့ ရပ်တည်ချက်ဟာ ငါတို့ ဒေသ အတွက် ရွှေရောင်သမိုင်းစာမျက်နှာတွေကို စတင်ရေးသားနေပြီ ဖြစ်တယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ မိမိ တပ်သားတွေ ရဲ့ မျှော်မှန်းချက်တွေတင်မကပဲ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကိုပါ ပွင့်ပွင့်လင်းလင်း ပြောကြားရမှာ ဖြစ်တယ်။ ဒါကြောင့် ငါပြောမယ်။ ငါတို့က ကတည်ငြိမ်မှုကို တည်ဆောက်နေကြပေမယ့်လည်း အန္တရာယ်တွေက အမြဲတမ်း ခြိမ်းခြောက်နေတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ အတွက် မင်းတို့ရဲ့ ခိုင်မာတဲ့ လက်တွေနဲ့ စိတ်ဓာတ်တွေကို အားကိုးတာ သိစေချင်တယ်။

အစိုးရ အာဏာဟာ ယောနသံပြည်သူတွေရဲ့ ယုံကြည်မှုက လာသလိုပဲ မင်းတို့ အင်အားဟာ ပြည်သူတွေရဲ့ လေးစား အားကိုးမှုကနေ လာတယ်။ ပြည်သူတွေ မလုံခြုံရင် ဘယ်လို စီးပွားရေး၊ နည်းပညာမှ တိုးတက်မှာ မဟုတ်ဘူး။ စစ်သားတစ်ယောက်ရဲ့ ချွေးတစ်စက် ဟာ ယောနသံဒေသ က လယ်ယာတွေ၊ စက်ရုံတွေနဲ့ ကလေးတွေရဲ့ အာမခံချက် ဖြစ်တယ်။

NDA ဟာ ဒေသ အတွက်တင်မကပဲ ပြည်ထောင်စု တစ်လုံးအတွက်ပါ အရေးပါတဲ့ အင်အားစု ဖြစ်လာပါပြီ။ ငါတို့ဟာ တပ်မတော်နဲ့ အတူ လက်တွဲပြီး ဘုံရန်သူတွေ ဖြစ်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို တွန်းလှန် တိုက်ခိုက်သွားမယ်။ ဒါဟာ ငါတို့ အင်အား နဲ့ စည်းကမ်းကို ကမ္ဘာကသိအောင် ပြသနိုင်ရုံသာမက ပဲ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ သားကောင်းတွေ ဖြစ်ကြောင်း ပြရလိမ့်မယ်။ မင်းတို့ဟာ ယောနသံရဲ့ ဂုဏ်ကို ပြည်ထောင်စု အလယ်မှာ မြှင့်တင်ပေးရမယ့်သူတွေ ဖြစ်တယ်။

ဒီနေ့က စလို့ မင်းတို့ စိတ်ထဲမှာ စစ်သည်ရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ရဲ့ သစ္စာတရားပဲ ရှိပါစေ။ ငါက မင်းတို့ အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ ခေတ်မီ စစ်လက်နက် ပစ္စည်းတွေ၊ အဆင့်မြင့် လေ့ကျင်မှုတွေနဲ့ အကောင်းဆုံး အထောက်အပံ့တွေကို အပြည့်အဝ ပေးဖို့ ကတိပြုတယ်။ မင်းတို့ ခွန်အား နဲ့ စွမ်းဆောင်ရည်ကို လုံးဝ ယုံကြည်ကြောင်း သိထားပါ။

အခုက စပြီး မင်းတို့ လက်တွေကို မြှောက်ပြီး အမိန့်ကို နာခံကြပါ။
ဒေသအတွက် ခံယူချက် ခိုင်မာအောင် ထားပါ။
စည်းကမ်းကို အသက်နဲ့ ရင်းပြီး လိုက်နာပါ။
ပြည်သူ့ လုံခြုံရေး အတွက် အဆင်သင့် ရှိကြပါ။

မင်းတို့ ဆောင်ရွက်ချက်တွေဟာ နောင်လာမယ့် မျိုးဆက်တွေရဲ့ အနာဂတ်ကို ပုံဖော်ပေးလိမ့်မယ် ဆိုတာ သိထားကြပါ။

အမျိုးသားကာကွယ်ရေးတပ်မတော်ကြီး အဓွန့်ရှည်ပါစေ။ ဟူးရား

စာမူမှတ်တမ်း