အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ရတနာရွှေမြေ ဒေသ ဥပဒေ


အခန်း ၁: အမည်၊ နယ်နိမိတ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ

အပိုဒ် ၁: အမည်ဤဥပဒေကို ရတနာရွှေမြေ ဒေသ ဥပဒေ ဟု ခေါ်ဆိုစေရမည်။
အပိုဒ် ၂: နယ်နိမိတ်ရတနာရွှေမြေ ဒေသ၏ နယ်နိမိတ်ကို ယောနသံဒေသ၏ ပြည်ထောင်စုနယ်မြေ သတ်မှတ်ရေးဥပဒေနှင့်အညီ သတ်မှတ်သည်။
အပိုဒ် ၃: ရည်ရွယ်ချက်ဤဥပဒေသည် ယောနသံဒေသ၏ ရင်ခွင်ပိုက်အုပ်ချုပ်ခံဒေသဖြစ်သော ရတနာရွှေမြေဒေသ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ လုံခြုံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဘောင်များကို ပြည့်ပြည့်စုံစုံ သတ်မှတ်ရန် ရည်ရွယ်သည်။
အပိုဒ် ၄: အဓိပ္ပါယ်ဖွင့်ဆိုချက်များ
•  ဒေသအကြီးအကဲ: ယောနသံဒေသ၏ အမြင့်ဆုံးအုပ်ချုပ်ရေးအာဏာပိုင်။
•  ရတနာရွှေမြေအကြီးအကဲ: ရတနာရွှေမြေဒေသ၏ အုပ်ချုပ်ရေးကို တာဝန်ယူသော သေနင်္ဂမင်းထင်အိမ်တော် ၏ ခေါင်းဆောင်။
•  အကြံပေးအရာရှိချုပ် (Chief Advisor): ဒေသအကြီးအကဲက ခန့်အပ်ပြီး ရတနာရွှေမြေအကြီးအကဲကို အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများတွင် အကြံဉာဏ်ပေးရန် တာဝန်ရှိသူ။
•  ရတနာရွှေမြေ ကာကွယ်ရေးတပ်ဖွဲ့ (YSDP): ရတနာရွှေမြေဒေသ၏ ပြည်တွင်းလုံခြုံရေးကို တာဝန်ယူသော ဒေသတွင်းတပ်ဖွဲ့။
•  အမျိုးသားကာကွယ်ရေးတပ်မတော် (NDA): ယောနသံဒေသအစိုးရက ရတနာရွှေမြေဒေသတွင် တပ်ဖြန့်ချထားသည့် ဗဟိုတပ်မတော်။
•  ရတနာရွှေမြေ ပြည်သူ့ကောင်စီ: ရတနာရွှေမြေဒေသ၏ ဥပဒေပြုအာဏာကို ကိုင်စွဲသော လွှတ်တော်။
•  ဗဟိုစုပေါင်းစနစ်: အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် အာဏာကို စုပေါင်း၍ ခေါင်းဆောင်ပိုင်းမှ ဗဟိုချုပ်ကိုင်မှုဖြင့် စီမံခန့်ခွဲသည့် နိုင်ငံရေးစနစ်။ 

​အခန်း ၂: အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ယန္တရား

အပိုဒ် ၅: အုပ်ချုပ်ရေးဆိုင်ရာ အာဏာ
•  တာဝန်ရှိသူ: ရတနာရွှေမြေဒေသ၏ အုပ်ချုပ်ရေးဆိုင်ရာ အာဏာကို ရတနာရွှေမြေအကြီးအကဲ က ကျင့်သုံးရမည်။
•  အာဏာကျင့်သုံးမှု: ရတနာရွှေမြေအကြီးအကဲသည် ဗဟိုစုပေါင်းစနစ် အရ ဒေသအုပ်ချုပ်ရေးလုပ်ငန်းများအားလုံးကို လွှတ်တော်နှင့် ပူးပေါင်း၍ ဦးဆောင်ကွပ်ကဲရမည်။
အပိုဒ် ၆: ရတနာရွှေမြေ ပြည်သူ့ကောင်စီ (လွှတ်တော်)
•  တာဝန်: ရတနာရွှေမြေ ပြည်သူ့ကောင်စီသည် ဒေသတွင်း ဥပဒေများကို ရေးဆွဲအတည်ပြုရန် တာဝန်ရှိသည်။
•  အာဏာကျင့်သုံးမှု: လွှတ်တော်၏ ဥပဒေပြုအာဏာကို ဗဟိုစုပေါင်းစနစ် အရ ရတနာရွှေမြေအကြီးအကဲ၏ ဦးဆောင်မှုဖြင့် ကျင့်သုံးရမည်။
•  အခြေခံဥပဒေလိုက်နာမှု: လွှတ်တော်မှ ပြဋ္ဌာန်းသော ဥပဒေများသည် ယောနသံဒေသ၏ အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိရမည်။
အပိုဒ် ၇: အကြံပေးအရာရှိချုပ်၏ တာဝန်များ
•  ခန့်အပ်မှု: အကြံပေးအရာရှိချုပ်ကို ယောနသံဒေသ၏ ဒေသအကြီးအကဲက ရတနာရွှေမြေဒေသသို့ တိုက်ရိုက်ခန့်အပ်သည်။
•  တာဝန်: အကြံပေးအရာရှိချုပ်သည် ရတနာရွှေမြေအကြီးအကဲကို ဒေသတွင်းအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် မူဝါဒရေးရာများတွင် အကြံဉာဏ်များ ပေးရမည်။
o  ယောနသံဗဟိုအစိုးရ၏ ဆက်သွယ်ရေး၊ ဆက်ဆံ​ရေး အရာရှိ အဖြစ်လည်းတာဝန်ယူရမည်။

အခန်း ၃: လုံခြုံရေးနှင့် ကာကွယ်ရေး

အပိုဒ် ၈: ရတနာရွှေမြေ ကာကွယ်ရေးတပ်ဖွဲ့ (YSDP)
•  တာဝန်: YSDP သည် ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးနှင့် ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရန် တာဝန်ရှိသည်။
•  ကွပ်ကဲမှု: YSDP သည် ရတနာရွှေမြေအကြီးအကဲ၏ တိုက်ရိုက်အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် ရှိရမည်။
အပိုဒ် ၉: အမျိုးသားကာကွယ်ရေးတပ်မတော် (NDA)
•  တာဝန်: ယောနသံဒေသအစိုးရသည် နိုင်ငံတော်နယ်နိမိတ်နှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် NDA တပ်ဖွဲ့များကို ရတနာရွှေမြေဒေသတွင် တပ်ဖြန့်ချထားနိုင်သည်။
•  ပူးပေါင်းဆောင်ရွက်မှု: ပြည်တွင်းလုံခြုံရေးအတွက် လိုအပ်လာပါက ရတနာရွှေမြေ ကာကွယ်ရေးတပ်ဖွဲ့ (YSDP) သည် NDA တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် အကြံပေးအရာရှိချုပ်၏ ကြီးကြပ်ကွပ်ကဲမှုကို ခံယူရမည်။

အခန်း ၄: ဘဏ္ဍာရေး စီမံခန့်ခွဲမှု

အပိုဒ် ၁၀: ဘဏ္ဍာရေးဆိုင်ရာ အခွင့်အရေး•  ရတနာရွှေမြေဒေသသည် ဒေသတွင်း ဘဏ္ဍာရေးလုပ်ငန်းများ၊ အခွန်စည်းကြပ်မှုနှင့် ကောက်ခံမှုများကို ကိုယ်ပိုင်ဥပဒေများဖြင့် စီမံခန့်ခွဲခွင့်ရှိသည်။
အပိုဒ် ၁၁: ဘဏ္ဍာရေးခွဲဝေမှု
•  ရတနာရွှေမြေဒေသသည် ကောက်ခံရရှိသည့် အခွန်ဝင်ငွေများ၏ ရာခိုင်နှုန်း ကို ယောနသံဗဟိုအစိုးရသို့ နှစ်စဉ် ပေးသွင်းရမည်။ ဤရာခိုင်နှုန်းကို ယောနသံဗဟိုဘဏ္ဍာရေးကော်မရှင်နှင့် ရတနာရွှေမြေအကြီးအကဲတို့ ပူးပေါင်းညှိနှိုင်း၍ သတ်မှတ်ရမည်။

အခန်း ၅: အငြင်းပွားမှုဖြေရှင်းရေး

အပိုဒ် ၁၂: အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများ•  ရတနာရွှေမြေအကြီးအကဲ၊ လွှတ်တော် သို့မဟုတ် အကြံပေးအရာရှိချုပ်အကြား အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ယောနသံဒေသ၏ အမြင့်ဆုံးတရားရုံးက ဖြေရှင်းပေးရမည်။

အခန်း ၆: ဥပဒေပြင်ဆင်ခြင်းနှင့် အာဏာတည်ခြင်း

အပိုဒ် ၁၃: ဥပဒေပြင်ဆင်ခြင်းဤဥပဒေကို ပြင်ဆင်လိုပါက ရတနာရွှေမြေအကြီးအကဲ နှင့် ယောနသံဒေသအကြီးအကဲ တို့၏ သဘောတူညီချက်ဖြင့်သာ ပြင်ဆင်နိုင်သည်။
အပိုဒ် ၁၄: အာဏာတည်ခြင်း
ဤဥပဒေကို ယောနသံဒေသအကြီးအကဲ နှင့် ရတနာရွှေမြေအကြီးအကဲတို့ လက်မှတ်ရေးထိုးအတည်ပြုပြီးသည်နှင့် တပြိုင်နက် အာဏာတည်စေရမည်။

စာမူမှတ်တမ်း