အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသထုတ် Mahar One EV ကားကို ဝယ်ယူနိုင်ပြီ

ယောနသံဒေသ အစိုးရ၊ ယောနသံ အမျိုးသားစီးပွားရေးလုပ်ငန်းစုလက်အောက်ရှိ Mahar မော်တော်ယာဥ်စက်ရုံမှထုတ်လုပ်သော Mahar One EV မော်တော်ယာဥ်များကို စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။

အဆိုပါမော်တော်ယာဥ်သည် Mahar မော်တော်ယာဥ်စက်ရုံ၏ ကိုယ်ပိုင်ဒီဇိုင်းဖြစ်သည့်အပြင် တပ်ဆင်စက်ပစ္စည်းများကိုလည်းဒေသအတွင်းမှပင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

မထုတ်လုပ်မီကပင်အမှာစာများလက်ခံရရှိခဲ့ပြီး စမ်းသပ်မောင်းနှင်ရာတွင်လည်းစမ်းသပ်သုံးစွဲသူများထံက မှတ်ချက်ကောင်းများကိုရရှိထားသည်။

အဆိုပါ မော်တော်ယာဥ်များကို ယောနသံမြို့ရှိ Mahar မော်တော်ယာဥ်အရောင်းပြခန်းများတွင်သာမက ရန်ကုန်မြို့၊မန္တလေးမြို့တို့ရှိ Mahar အရောင်းပြခန်းများတွင်လည်းစိတ်တိုင်းကျစမ်းသပ်မောင်းနှင်စစ်ဆေးဝယ်ယူနိုင်ပြီဖြစ်သည်။

အရစ်ကျဝယ်ယူလိုသူများအတွက်လည်းသက်သာသောအတိုးနှုန်းထားဖြင့်သီးခြားအစီစဥ်များရှိနေသည်။

စာမူမှတ်တမ်း