အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ပြည်သူ့အတိုင်ပင်ခံကောင်စီဖွင့်ပွဲအခမ်းအနားသို့ ဒေသအကြီးအကဲတက်ရောက် မိန့်ခွန်းပြောကြား

ပြည်သူ့အတိုင်ပင်ခံကောင်စီဖွင့်ပွဲအခမ်းအနားသို့ ဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသားတက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။

ရှေးဦးစွာ ရွေးချယ်ခံကိုယ်စားလှယ်များနေရာယူပြီးနောက် ဒေသအကြီးအကဲနှင့် ပြည်သူ့အတိုင်ပင်ခံကောင်စီဥက္ကဌတို့အခမ်းအနားဖြင့် ကောင်စီအစည်းအဝေးခန်းမသို့ဝင်ရောက်သည်။

ထို့နောက် ဒေသအကြီးအကဲကမိန့်ခွန်းပြောကြားရာတွင်ယနေ့ကဲ့သို့မဂ်လာရှိသည့်နေ့တွင် ရွေးချယ်ခံကိုယ်စားလှယ်များနှင့်တွေ့ဆုံရသည်ကိုဝမ်းမြောက်ပါကြောင်း၊ ကိုယ်စားလှယ်များကိုပြည်သူများကရွေးကောက်တင်မြှောက်ထားခြင်းဖြစ်သည့်အတွက်ပြည်သူ့တာဝန်ကျေပွန်ရန်လိုအပ်ကြောင်းဦးစွာပဏာမ ပြောကြားသည်။

"ကောင်စီသက်တမ်းတလျှောက်ထူးခြားချက်အနေနဲ့ဒီတခေါက်မှာတော့တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲဝင်ပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်တွေလည်းအနိုင်ရပါဝင်လာတာကိုတွေ့ရပါတယ်။ဒါဟာ​ယောနသံအတွက်သမိုင်းသစ်တစ်ခုပါ။ ကျွန်တော်တို့က ပြည်ထောင်စုမှာနယ်မြေတခုအနေနဲ့ပါဝင်တာကိုလည်းပြသတာဖြစ်ပါတယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။

စာမူမှတ်တမ်း