ဒီနေ့မှာ ကျွန်တော်မိန့်ခွန်းပြောရတဲ့အကြောင်းကတော့ ယောနသံဒေသ တည်ငြိမ်မှုကို မလိုလားတဲ့ ပြည်ပအားကိုးတချို့ကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ အသိပေးရတာပဲ ဖြစ်ပါတယ်။
မကြာခင်ကာလက ပြည်ပြေးတစု ဟာ ယောနသံစွမ်းအားအမည်နဲ့အကြမ်းဖက်အဖွဲ့ကို တည်ထောင်ပြီး ယောနသံဒေသရဲ့ ရင်ခွင်ပိုက်ဒေသဖြစ်တဲ့ ရတနာရွှေမြေမှာ သူပုန်ထနေပါတယ်။ သူတို့ကို အားပေးနေတာကတော့ ဧရာဟံသာဒေသပါ။
ကျွန်တော်တို့ဟာ ရန်ကိုရန်ချင်း မတုံ့နှင်းဖို့ အကြိမ်ကြိမ်စဥ်းစားခဲ့ပေမယ့်အခုတော့ ကျွန်တော်တို့ ခေါင်းပုတ်တာကို ငြိမ်ခံနေတော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုက်ခိုက်ပါမယ် ရန်သူကို ရန်သူလိုသလောထားပါမယ်။ ဒေသတည်ငြိမ်အေးချမ်းရေးကို တာဝန်ခံထားတဲ့အတိုင်း အမျိုးသားကာကွယ်ရေး တပ်မတော်က စွမ်းစွမ်းတမံဆောင်ရွက်သွားမှာပါ။
ဒါ့အပြင် တိုင်းပြည်ကို ချစ်တဲ့ အရံတပ်မတော်သားတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ မီးကုန်ယမ်းကုန်တိုက်မယ်။ ရန်သူတွေကို ချေမှုန်းပါမယ်။
ကျွန်တော်တို့ အစွမ်းကို ပြသကြပါစို့။ အမိမြေကာကွယ်စစ် အောင်ရမယ်
ဟူးရား
No comments: