အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

စစ်ရေး သတင်းထုတ်ပြန်ချက် (ပြည်သူသို့ အသိပေး ကတိပြုခြင်း)

အသက်ကြွေးရယူရန် ကျွန်ုပ်တို့ အဆင်သင့် ရှိသည်။

ယောနသံ ဒေသ အနေဖြင့် အိမ်နီးချင်း ဖြစ်သည့် ဧရာဟံသာ ဒေသနှင့် မိတ်ဝတ်မဆက် ဆက်ဆံရေးကို ရှေ့ရှု့ကာ ဆက်ဆံအမှု ပြုခဲ့သော်လည်း ဧရာဟံသာ ဒေသမှ ယောနသံ ဒေသ ကို ကျူးကျော် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ယောနသံ ဒေသ၏ ဒုတိယ မြို့တော် ဖြစ်သည့် တံခွန်မြို့ ကို အချိန်တစ်ခု ကြာအောင် ထိန်းချုပ်ခဲ့ပြီး ကုန်သွယ်ရေးမြို့ ဖြစ်သည့် အိမ်ဦးမြို့ကို ဝန်းရံခဲ့သည့် အပြင် အခြား မြို့များကိုလည်း တိုက်ခိုက်လာခဲ့သည်။

ထိုသို့တိုက်ခိုက်ရာတွင် ဧရာဟံသာ စစ်တပ် နှင့် အတူ ယောနသံဒေသလွတ်မြောက်ရေး တပ်ဦးဟု ခေါ်သည့် သစ္စာဖောက်တပ်ဖွဲ့လည်း ပါဝင်ခဲ့သည့် အပြင် ဖမ်းဆီးရမိသော သုံ့ပန်းများ ကို စစ်ဆေးချက်အရ တိုင်းရင်းသား စကားကိုပင် ကောင်းစွာ မပြောတတ်သည့် ပြည်ပနိုင်ငံသား စစ်သားများလည်းပါဝင်ခဲ့ကြောင်း တွေ့မြင်ရသည်။

အမျိုးသားကာကွယ်ရေး တပ်မတော်သားများသည် ရန်သူကို ချေမှုန်းတိုက်ခိုက်ပြီးနောက် ယခု အခါ ယောနသံ ဒေသတစ်ခုလုံးကို ပြန်လည် စိုးမိုးနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် စော်ကားခြင်းအတွက် တန်ပြန် ပေးဆပ်ရမည် ဖြစ်သည်။ အသက်ကြွေး ရယူရန် ကျွန်ုပ်တို့ အဆင်သင့် ရှိသည်။ အမျိုးသားကာကွယ်ရေး တပ်မတော်သားများ သည် သွေးကြွေးယူရန် စိတ်အားထက်သန်နေပြီ ဧရာဟံသာ အနေဖြင့် ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။