ယောနသံ ဒေသ က ပြည်သူ အပေါင်းတို့ ခင်ဗျာ။
ကျွန်တော်တို့ ဒေသ ဟာ ကိုယ်တိုင် စတင်ခဲ့တာ မဟုတ်တဲ့ စစ်ပွဲထဲ ရောက်နေတာကို ဦးစွာ အသိပေးလိုပါတယ်။ ဧရာဟံသာ ဒေသဟာ အိမ်နီးချင်း ကောင်း မပီသစွာနဲ့ ကျွန်တော်တို့ ဒေသကို ကျူးကျော်လာခဲ့ပြီး အခုဆို တံခွန်မြို့ကို သိမ်းထားသလို အိမ်ဦး မြို့ကိုလည်း တိုက်ခိုက်လာနေပါတယ်။ ကျွန်တော်တို့ဟာ ယဉ်ကျေးစွာနဲ့ ညှိနှိုင်းမှုတွေ၊ ဥပဒေနဲ့ အညီ အရေးယူမှုတွေ လုပ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒေသသူ၊ ဒေသသားတွေရဲ့ အသက်၊ အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့ရာ အတွက် စစ်ပွဲထဲ ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။
ဧရာဟံသာ ဟာ စစ်ကို ခေါ်ခဲ့တာကြောင့် အခုဆိုရင် စစ်ဟာ ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ ဒေသဖြစ်ပြီး ခေါင်းကို လာပုတ်ရင်တော့ ငြိမ်မခံတတ်တဲ့ အလေ့အထ ရှိပါတယ်။ အခုဆို ခေါင်းတင် မကပဲ ကျွန်တော်တို့ အိမ်ထဲ အထိပါ ဝင်လာခဲ့ပါပြီ။ ဒါကြောင့် ဧရာဟံသာ ဒေသကို စစ်ကြေငြာပါတယ်။ ကျွန်တော်တို့ဟာ သူတို့ စခဲ့တဲ့ ဇာတ်ကို အဆုံးအထိ ကပြသွားမှာ ဖြစ်ပြီး ကျဆုံးခဲ့ရတဲ့ လူတွေရဲ့ အသက်ကြွေးကို ပြန်ယူမှာပါ။
ယောနသံ ဒေသ အဓွန့်ရှည်ပါစေ။ အမျိုးသားကာကွယ်ရေး တပ်မတော် အောင်မြင်ပါစေ။
No comments: