အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

စစ်ရေး သတင်းထုတ်ပြန်ချက်

ယနေ့ နံနက်အစောပိုင်းက ဧရာဟံသာဒေသမှ တပ်များသည် နယ်စပ်မျဉ်းကို ဖြတ်ကျော်ကာ ယောနသံ ဒေသအတွင်းသို့ လျှပ်တပြက် အငိုက်ဖမ်းကာ ကျူးကျော် လာခဲ့သည်။ အမျိုးသားကာကွယ်ရေး တပ်မတော် မှ တပ်မတော်သားများသည် ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်ခဲ့ကြသော်လည်း သာလွန်အင်အား ဖြင့် အငိုက်ဖမ်း ဝင်ရောက်လာသည့် အတွက် နယ်စပ် စခန်းများမှ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြရသည်။ 

ထို့နောက် ဧရာဟံသာ တပ်များသည် တံခွန်မြို့ အထိ တိုက်ခိုက်လာခဲ့ကြရာ အဆင့်ဆင့် ခုခံခဲ့သော်လည်း ရန်သူ က ကာလရှည် စုရုံး ပြင်ဆင်ထားခြင်း၊ အလစ်အငိုက် တိုက်ခိုက်လာခြင်းတို့ကြောင့် အချိန်တို အတွင်း ပြည်သူများကို ကယ်ထုတ်ကာ မြို့မှ အောင်မြင်စွာ ဆုတ်ခွာခဲ့ပြီး မြို့ကို ပြန်လည် ရယူရေး ဆောင်ရွက်စဉ် အိမ်ဦးမြို့ကိုပါ ထပ်မံ တိုက်ခိုက်ခဲ့သည့် အတွက် အမျိုးသား ကာကွယ်ရေး တပ်မတော်မှ ပြည်သူများ ၏ အသက်အိုအိမ် စည်းစိမ်း နှင့် အချုပ်အခြာ အာဏာမကျရှုံးရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည်။ 

ယခု ဖြစ်စဉ်တွင် အိမ်နီးချင်းကောင်း မပီသသော ဧရာဟံသာ ဒေသ ၏ လုပ်ရပ်ကို ပေါ်လွင်နေပြီး ပြင်ပ နိုင်ငံတစ်နိုင်မှ အထောက်အပံ့များ ရယူထားကြောင်းလည်း တွေ့မြင်ရသည်။ ယောနသံ ဒေသနှင့် အမျိုးသား ကာကွယ်ရေး တပ်မတော် အနေဖြင့် အချုပ်အခြာ အာဏာ အတွက် ရနိုင်သည်များကို ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပြီး ဥပဒေကြောင်းအရလည်း လိုအပ်သည်များကို ဆက်လက် ​ဆောင်ရွက်သွားမည် ဖြစ်သည်။ 

ယောနသံ အောင်ရမည် 

ကာကွယ်ရေး ဝန်ကြီးဌာန