ယောနသံ တိုးတက်ရေး အဖွဲ့ - Yaw Na Than Progressives Organization (YNPO) သည် ယောနသံ ဒေသ ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့အစည်း ဖြစ်ပြီး ယောနသံ ဒေသ ကို တည်ထောင်ပြီး မကြာမီတွင် ပထမ မိုးနတ်မင်းသားက လက်ရုံး နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ် အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ဒေသ၏ စီးပွားရေး နှင့် လူမှုဘဝ ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန်ဖြစ်သည်။
အစပိုင်းတွင် အခြေခံ အခြေခံ လူတန်းစားများ ပါဝင်သည့် အဖွဲ့ငယ် ဖြစ်ပြီး ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ရေး၊ ပညာရေး မြှင့်တင်ရေး နှင့် အခြေခံ အဆောက်အအုံ မလုံလောက်မှု ကဲ့သို့ ဒေသတွင် အကျပ်အတည်းများကို မီးမှောင်ထိုး ထောက်ပြခြင်း၊ အာရုံစိုက် ကိုင်တွယ်ခြင်းတို့ကြောင့် မကြာမီ ကာလတွင် ပြည်သူများ ၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိလာခဲ့သည်။
ပထမ မိုးနတ်မင်းသား နှင့် အဖွဲ့အစည်းခေါင်းဆောင်များ ၏ ဦးဆောင်မှုအောက်တါင် YNPO သည် အရွယ်အစား နှင့် ဩဇာလွှမ်းမိုးမှု ပိုမို ကျယ်ပြန့်လာခဲ့ပြီး ဒေသအတွင်းတွင် အဓိက နိုင်ငံရေး အင်အားစု အဖြစ် အချိန်တို အတွင်း ရောက်ရှိလာခဲ့သည်။ ထို့နောက် နိုင်ငံရေး ပါတီ တစ်ရပ်အဖြစ် မှတ်ပုံတင်ခဲ့ပြီး ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် ပါဝင်ကာ ပြည်သူများ ၏ ထောက်ခံမှုဖြင့် အမတ်နေရာ အများအပြားကို အလျင်အမြန် ရရှိလာခဲ့သည်။
YNPO ၏ သက်တမ်းတလျှောက်တွင် ပြည်သူများ ၏ လိုအပ်ချက်ကို လိုက်ကာ မူဝါဒများကို အပြောင်းအလဲ လုပ်ခဲ့ပြီး တရားမျှတမှု ရှိသော လူ့အဖွဲ့အစည်းကို ဖန်တီးမည် ဆိုသော ၎င်းတို့၏ အဓိက မူဝါဒကြောင့် ဒေသတွင်းသာမက နိုင်ငံတကာတွင်လည်း ထင်ရှားသည်။ YNPO တွင် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို မဲစနစ်ဖြင့် ရွေးချယ်ခြင်း ဖြစ်ကာ ပထမ မိုးနတ် မင်းသားက သဘာပတိ အဖြစ် တာဝန်ယူထားသည်။
ပထမ မိုးနတ်မင်းသား သည် သဘာပတိ အဖြစ် တာဝန်ယူထားသောကြောင့် YNPO တွင် သိသာ ထင်ရှားသည့် အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သော်လည်း ဒေသနေ ပြည်သူများ ၏ ကျယ်ပြန့်သော အကျိုးစီးပွား နှင့် ရှု့မြင်ချက်များကို ကိုယ်စားပြုရန် ဖွဲ့စည်းထားခြင်း ဖြစ်သည့် အတွက် ပြည်သူများ ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အပြည့်အဝ ယုံကြည် စိတ်ချနိုင်သည်။
No comments: