အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

လူတစ်စု ၏ အာဏာသိမ်းရန် ကြိုးပမ်းသည့် အပေါ် အကြီးအကဲ ၏ ထုတ်ပြန်ချက်

ယောနသံ ပြည်သူများ ခင်ဗျာ။ 

မကြာသေးခင် ကာလက မအောင်မြင်တဲ့ အာဏာသိမ်းမှုတစ်ခုကို ဖြေရှင်းခဲ့ပြီးတဲ့နောက်မှာ ကျွန်တော် ဒီနေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖော်ဆောင်နေတဲ့ နိုင်ငံရေး စနစ်နဲ့ ပတ်သက်လို့ ခြိမ်းခြောက်မှု မှန်သမျှကို လုံးဝ လက်သင့်ခံမှာ မဟုတ်ပါဘူး။ နောက်ပြီး ကတိပေးလိုတာက ကျွန်တော်တို့ ဒေသမှာ တရားဥပဒေ စိုးမိုးမှုက အမြဲပဲ ရှိနေမှာပါ။ 

ဒီအာဏာသိမ်းမှု အဆုံးသတ်အောင် မြန်မြန်ဆန်ဆန်ပဲ ဆောင်ရွက်နိုင်ခဲ့ကြတဲ့ အမျိုးသားကာကွယ်ရေး တပ်မတော်က ရဲရင့်တဲ့ စစ်သည်တွေနဲ့ ဥပဒေ ဘက်တော်သားတွေကို ကျေးဇူးတင်ပါတယ်။ ဒေသ နဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တဲ့ သင်တို့ရဲ့ စေတနာဟာ တကယ်ပဲ ချီးကျူးထိုက်ကြောင့် ဒီနေရာက မှတ်တမ်းတင်ပါရစေ။ ယောနသံဟာ တရားဥပဒေ စိုးမိုးတဲ့ ဒေသဖြစ်လို့ ကျွန်တော်တို့ ဖော်ဆောင်နေတဲ့ စနစ်ကို ဖြိုခွင်ဖို့ ကြိုးပမ်းခဲ့ကြသူတွေက နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရမယ် ဆိုတာ သတိပေးလိုပါတယ်။ လူတစုရဲ့ လုပ်ဆောင်ချက်ဟာ ကျွန်တော်တို့ ဒေသရဲ့ သာယာဝပြောမှုနဲ့ တိုးတက်မှုကို ထိခိုက်မှာ မဟုတ်ပါဘူး။ 


စာမူမှတ်တမ်း