ယောနသံ ဒေသသည် Democratic Monarchy စနစ်ကို ကျင့်သုံးပြီး လူတန်းစား လွတ်လပ်ရေး ကို ကာကွယ်ပါသည်။

Search This Blog

ယောနသံ ဒေသ အကြီးအကဲ ၏ ပြုပြင်ပြောင်းလဲရေး မိန့်ခွန်း

ကျွန်တော့်ရဲ့  ချစ်လှစွာသော ယောနသံ ပြည်သူများ ခင်ဗျာ 

 ကျွန်တော်တို့ ဒေသရဲ့ အုပ်ချုပ်မှု ပုံစံသစ်အကြောင်းနဲ့ ပတ်သက်လို့ အသိပေးရမှာဖြစ်တဲ့အတွက် အင်မတန် ဝမ်းသာ ရပါတယ်။ အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့ဟာ ဘုရင် စနစ်နဲ့ ဒီမိုကရေစီ ပေါင်းစပ်မှု ပုံစံ အုပ်ချုပ်ခဲ့တာပါ။ ဒီစနစ်ကို ကျွန်တော်တို့က Democratic Monarchy လို့ ခေါ်ကြပါတယ်။ စနစ်ကို ကျွန်တော်တို့ဟာ စတင်ပြီး အသုံးပြုတာ ဖြစ်လို့ အားနည်းချက်တွေလည်း ရှိခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။  

ဒါကြောင့် ပိုကောင်းပြီး စနစ်ကျတဲ့ အုပ်ချုပ်မှုပုံစံဆီ ဦးတည်ရွေ့လျားဖို့ အပြောင်းအလဲတွေလိုအပ်တယ် ဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါသည်။  ဒါကြောင့် ကျွန်ုပ်တို့ရဲ့ နိုင်ငံရေး ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစနစ်သစ်အောက်မှာ ဆိုရင် ကျွန်တော်ဟာ အကြီးအကဲအဖြစ် ဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်  ဒေသက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အရင်ထက် ဖြည့်ဆည်းပေးနိုင်တာ သေချာစေဖို့ အတွက် အလေးထားဆောင်ရွက်သွားမှာပါ။ ဒီအတွက်ကြောင့် နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ခေါင်းဆောင်တွေ ပါဝင်မယ့် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသွားမှာပါ။ 

အတိုင်ပင်ခံကောင်စီ အကြောင်းကို နည်းနည်း မိတ်ဆက်ပါရစေ။ အတိုင်ပင်ခံကောင်စီမှာ ပါတဲ့ ရာထူးတချို့အကြောင်းကို ပြောကြားလိုပါတယ်။ ဒီထဲမှာ ဆိုရင် အတိုင်ပင်ခံ အရာရှိချုပ် က ဦးဆောင်မှာ ဖြစ်ပြီး အတိုင်ပင်ခံ အရာရှိချုပ်ကတော့ ဦးဗလဇော်ဖြစ်ပါတယ်။ တာဝန်အရ သူဟာ ဆိုရင် ကျွန်တော်ရဲ့ ညာလက်ရုံးလို့ ပြောရမှာ ဖြစ်ပြီး ကိစ္စအားလုံးကို ဦးဆောင်အကြံပေးသွားမှာပါ။

 ဒီထဲမှာ စစ်ဘက်ဆိုင်ရာ အတိုင်ပင်ခံ အရာရှိလည်း ပါဝင်ပြီး သူကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်ပါတယ်။အတိုင်ပင်ခံကောင်စီ ထဲမှာ ဆိုရင် ဥပဒေ ပြုရေး၊ ပညာရေး၊ လူမှုဖူလုံရေး စသည်ဖြင့် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ ပါဝင်မှာပါ။ ဦးဗလဇော်ဟာ အရင်က ယောနသံဒေသအစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်ခဲ့လို့သူ့အကြောင်းကိုအားလုံးက သိကြမယ်ထင်ပါတယ်။

ကျွန်တော်တို့ ဒေသတစ်ခုလုံးအတွက် အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေချဖို့ ဒီကောင်စီက ကျွန်တော်နဲ့အတူ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါအပြင် အစိုးရရဲ့ နေ့စဥ်လုပ်ဆောင်မှုတွေကို ကြီးကြပ်မယ့် ဝန်ကြီးချုပ်တစ်ယောက်လည်း ရှိလာမှာဖြစ်ပြီး ဦးသက်ထွန်း ဟာ ဝန်ကြီးချုပ်ဖြစ်လာပါလိမ့်မယ်။ သူဟာ အရည်အချင်းနဲ့ အတွေ့အကြုံရှိ လူငယ်တစ်ယောက်ဖြစ်ပါတယ်။

ပြီးတော့ ငါးနှစ်တစ်ကြိမ် ရွေးကောက်မယ့် လွှတ်တော်တစ်ခု ရှိလာမှာ ဖြစ်ပါတယ်။ ဒါကတော့ အားလုံးသိကြတဲ့ ပြည်သူ့အတိုင်ပင်ခံကောင်စီပဲ ဖြစ်ပါတယ်။ ဒေသက လူတိုင်း ဟာ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာသူတို့ အသံရှိသင့်ပြီး သူတို့ရဲ့ အမြင်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် အားလုံးကိုယ်စား ဆုံးဖြတ်ပေးဖို့၊ သတင်းအချက်အလက် ရရှိဖို့နဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အဓိပ္ပာယ် ရှိရှိ ပါဝင်နိုင်ဖို့ အတွက် သေချာတဲ့ အစီအမံတွေကို ကျွန်တော်တို့ YNPO အနေနဲ့ ထပ်မိတ်ဆက် သွားဖို့ ရှိပါတယ်။

နောက်ထပ် အသိပေးလိုတာကတော့ မင်းသားရွေးချယ်ရေး စနစ်နဲ့ ပတ်သက်လို့ပါ။ ကျွန်တော် အကြမ်းဖျင်း မိတ်ဆက် ပေးပါရစေ။ မင်းသားတစ်ယောက် သေဆုံးတာ ဒါမှမဟုတ် တာဝန်ဆက်လက်မထမ်းဆောင်နိုင်ဘူး ဆိုရင် YNPO ဟာ အဲ့ဒီနေရာအတွက် မင်းသားအသစ် ခန့်အပ်ဖို့ အစည်းအဝေးခေါ်မှာပါ။ အဲ့ဒီလို မခန့်နိုင်ခင် ကြားကာလမှာတော့ ဒေသရဲ့ အကြီးအကဲနေရာကို ဝန်ကြီးချုပ် ဦးဆောင်တဲ့ အမှုဆောင်ကောင်စီက ထိန်းသိမ်းပေးထားမှာ ဖြစ်ပါတယ်။ ခန့်အပ်တဲ့ အခါမှာတော့ မင်းသား အကြံပေးကောင်စီက နာမည်စာရင်း တင်သွင်းတာနဲ့ ကောင်စီဝင်တွေရဲ့ မဲဆန္ဒနဲ့ အပြီးသတ် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။  

ပြည်သူများ ခင်ဗျား။ 

အပြောင်းအလဲ ဆိုတာဟာ နေ့ချင်းညချင်း ဖြစ်မလာဘဲ လမ်းတစ်လျှောက်မှာ စိန်ခေါ်မှုတွေ ရှိနေပါလိမ့်မည်။ ဒါပေမယ့်လည်း ပြည်သူတွေ ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကျွန်တော်တို့ဟာ ပိုမိုသာယာဝပြောပြီး တရားမျှတတဲ့ ယောနသံ ဒေသကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါသည်။ 

အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။ 

ယောနသံ ဒေသ အကြီးအကဲ ၏ ပြုပြင်ပြောင်းလဲရေး မိန့်ခွန်း ယောနသံ ဒေသ အကြီးအကဲ ၏ ပြုပြင်ပြောင်းလဲရေး မိန့်ခွန်း Reviewed by Yaw Na Than Gov on May 12, 2023 Rating: 5

No comments:

Powered by Blogger.