ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း
ယောနသံဒေသအကြီးအကဲ
တတိယမိုးနတ်မင်းသား ယောနသံ၏ အမိန့်ဖြင့် ယခင် အမျိုးသား ကာကွယ်ရေး တပ်မတော်
(NDA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးသိန်းမင်းအောင်အား
ယောနသံဒေသအစိုးရအဖွဲ့၏
ကာကွယ်ရေးဝန်ကြီးအဖြစ်
တရားဝင် ခန့်အပ်တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း ယောနသံဒေသအစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်ကြေညာပါသည်။
ဗိုလ်ချုပ်ကြီးသိန်းမင်းအောင်သည်
NDA ၏ စစ်ဦးစီးချုပ်ရာထူးကို ကာလကြာရှည် ထမ်းဆောင်ခဲ့ပြီး ဒေသ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် မရေမတွက်နိုင်သော အကျိုးကျေးဇူးများကို ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ ခေါင်းဆောင်မှုအောက်တွင်
NDA သည် စစ်ရေးစွမ်းရည်များ သိသိသာသာ တိုးတက်လာခဲ့ပြီး နယ်မြေအချုပ်အခြာအာဏာကို အခိုင်အမာ ကာကွယ်နိုင်ခဲ့ပါသည်။
ယောနသံဒေသအကြီးအကဲ
တတိယမိုးနတ်မင်းသား သည် ဗိုလ်ချုပ်ကြီးသိန်းမင်းအောင်၏
စစ်ဘက်ဆိုင်ရာ ထူးချွန်ထက်မြက်မှုများ၊ ကျယ်ပြန့်သော အတွေ့အကြုံများနှင့် ဒေသအပေါ် သစ္စာစောင့်သိမှုတို့ကို အသိအမှတ်ပြုသောအားဖြင့် ကာကွယ်ရေးမူဝါဒများ ချမှတ်ခြင်းနှင့် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍများကို ပိုမိုထိရောက်စွာ ဦးဆောင်နိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးရာထူး ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
ဗိုလ်ချုပ်ကြီးသိန်းမင်းအောင်၏
ကိုယ်ရေးအကျဉ်း အကျဉ်းချုပ်
အမည်အပြည့်အစုံ
- ဗိုလ်ချုပ်ကြီးသိန်းမင်းအောင်
(General Thein Min Aung)
မွေးသက္ကရာဇ်
- ၁၉၇၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်
ဇာတိ -
ယောနသံဒေသ၊ တံခွန်ဒေသခွဲ
ပညာအရည်အချင်း
၁၉၉၃
ခုနှစ် - NDA စစ်တက္ကသိုလ် (NDA Military
Academy) မှ ဘွဲ့ရရှိခဲ့သည်။
၂၀၀၂
ခုနှစ် - အမျိုးသားကာကွယ်ရေးကောလိပ်
(National Defense College) မှ
မဟာဘွဲ့ (National
Security Studies) ရရှိခဲ့သည်။
၂၀၁၀ ခုနှစ်- နိုင်ငံတကာစစ်ဘက်ဗျူဟာနှင့်
ခေါင်းဆောင်မှုသင်တန်းများ
(International Military Strategy and Leadership Programs) တက်ရောက်ခဲ့သည်။
စစ်ဘက်ဆိုင်ရာ
ဝန်ထမ်းဘဝနှင့် အဓိကတာဝန်များ
၁၉၉၉-၂၀၀၃:
ယောနသန်ဒေသ စစ်တက္ကသိုလ်မှ ခြေလျင်တပ်ဗျူဟာနှင့် စစ်ရေးကျင့်ဝတ်များတွင် ထူးချွန်စွာ
အောင်မြင်ခဲ့သည်။
၂၀၀၄-၂၀၁၀: အရှေ့ပိုင်းနယ်စပ်ဒေသများမီ စစ်ဆင်ရေးများတွင်
ရှေ့တန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၁-၂၀၁၅:
အထူးတပ်ဖွဲ့ဖြစ်သော သံမဏိတပ်ရင်း၏ တပ်မှူးအဖြစ် ခန့်အပ်ခံရပြီး အောင်မြင်သော စစ်ဆင်ရေးများကို
ဦးဆောင်ခဲ့သည်။
၂၀၁၆-၂၀၂၀:
ဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး NDA အထူးတပ်ဖွဲ့ကွပ်ကဲမှုဌာနမှူးအဖြစ်
ယောနသံဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသား၏ စေခိုင်းချက်အရ ဆိုက်ဘာထောက်လှမ်းရေးနှင့်
UAV များပါဝင်သော ခေတ်မီပူးတွဲတပ်ဖွဲ့ဗျူဟာများကို စတင်ခဲ့သည်။
၂၀၂၁-၂၀၂၄:
စစ်ဆင်ရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မတ်လ ၂၀၂၅: မဟာဗျူဟာပြန်လည်သုံးသပ်ရေးကောင်စီ အစည်းအဝေးအပြီး
ဒုတိယ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
ထင်ရှားသော
စစ်ရေးစွမ်းဆောင်ရည်များ
၂၀၁၇ -
"မြစ်ဝှမ်းသန့်စင်ရေး"
စစ်ဆင်ရေးကို အောင်မြင်စွာ ဦးဆောင်ခဲ့ပြီး ဒေသ အတွင်းမှ အကြမ်းဖက်အုပ်စုများကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည်။
၂၀၂၂ - ဒေသ၏ လေကြောင်းကာကွယ်ရေးစနစ်ကို ခေတ်မီနည်းပညာများဖြင့် အဆင့်မြှင့်တင်ရေး စီမံကိန်းများကို ကြီးကြပ်ကွပ်ကဲခဲ့သည်။
