Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
ယောနသံဒေသအကြီးအကဲ တတိယ မိုးနတ်မင်းသား ၏ ဒေသတွင်း စစ်ဆေးသည့် ခရီးစဉ် အတွင်း အိမ်ဦးဒေသခွဲ တွင် ဒေသခံ လယ်ယာလုပ်သားများ နှင့် ရုတ်တရက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေသအကြီးအကဲအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဒေသအတွင်း လှည့်လည် စစ်ဆေးသည့် ခရီးစဉ်ကို ထွက်ခွာခဲ့ရာ အိမ်ဦးဒေသခွဲ တွင် လယ်ယာလုပ်ငန်းတစ်ခု အနီးမှ ဖြတ်သန်းစဉ် ယာဉ်တန်းကို ရပ်တန့်ကာ မင်းသားက ရုတ်တရက် ဒေသခံများ နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
မင်းသား က ကားပေါ်မှ ဆင်းကာ ဒေသခံများကို သွားရောက် တွေ့ဆုံစဉ် ဒေသခံ များက အံ့ဩဝမ်းသာစွာဖြင့် ခရီးဦးကြိုပြုကြသည်။ ထို့နောက် ဒေသခံ များ နှင့် အတူ လယ်ကွင်းအတွင်း လျှောက်သွားကာ သီးနှံစိုက်ပျိုးမှု အခြေအနေများ၊ ရေသွင်းစိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများနှင့် ကောက်ပဲသီးနှံဈေးကွက်သို့ ဝင်ရောက်နိုင်မှုများအကြောင်း မေးမြန်းခဲ့သည်။
ထို့နောက် မင်းသားသည် ဒေသခံများ နှင့် အတူ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ပြီး ဒေသခံများ ၏ အသံကိုလည်း နားထောင်ခဲ့သည်။
“ဦးကြီးတို့ဟာ ကိုယ့် မိသားစုတွေကိုတင် ကျွေးမွေးနေသည်မဟုတ်ပါဘူး” ဟု ဆွေးနွေးချက်တွင် ထည့်သွင်းပြောကြားသည်။
“ဦးကြီးတို့ဟာ ဒေသတစ်ခုလုံးကို ကျွေးမွေးနေတာပါပဲ။ ဦးကြီးတို့ မရှိရင် ယောနသံ ဒေသ မှာ ဆာလောင်မှုတွေ ရှိလာမယ်။ ပြီးတော့ ဂုဏ်ယူစရာလည်း ရှိမှာမဟုတ်ဘူး” ဟု မင်းသားက ဆိုသည်။
ရွာသားများသည် ခြောက်သွေ့သောလများတွင် ရေရရှိမှုမလုံလောက်ခြင်း၊ မျိုးစေ့ထောက်ပံ့မှုနှောင့်နှေးခြင်းနှင့် ဗဟိုဈေးများတွင် ဆန်ဈေးနှုန်းအတက်အကျများခြင်းအပါအဝင် ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို တစ်ဦးပြီးတစ်ဦး တင်ပြခဲ့ကြသည်။
အသက် ၅၈ နှစ်အရွယ် တောင်သူ ဒေါ်သန်းမြက ပြီးခဲ့သည့် နွေရာသီတွင် သူမ၏နွားကို ဆုံးရှုံးခဲ့ရပုံကို မျက်ရည်များဖြင့် ပြောပြခဲ့သည်။ မင်းသားသည် သူမဘေးတွင် ဒူးထောက်ထိုင်ကာ သူမပြောနေစဉ် သူမ၏လက်ကို ဆုပ်ကိုင်ထားခဲ့သည်။
ဆွေးနွေးမှုများ အပြီး တွင် ဒေသခံများ တည်ခင်းသော နေ့လည်စာကို မင်းသား က လက်ရည်တပြင်တည်း စားသောက်ခဲ့ပြီး တောင်သူများ ၏ တင်ပြချက်ကို သေချာစွာ မှတ်သားထားကြောင်း ထပ်မံ ပြောပြခဲ့သည်။ ထို့ပြင် အစိုးရ နှင့် ပြည်သူ ပိုမို နီးကပ်စွာ အလုပ်လုပ်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
ယင်းနောက် ယောနသံမြို့သို့ အရောက်တွင် ယောနသံ ဒေသ အစိုးရက အဖွဲ့က -
လာမည့် ဘဏ္ဍာရေးနှစ်တွင် အရေးပေါ်အကူအညီများ၊ သီးနှံပျက်စီးမှုအာမခံနှင့် ရေကြီးပြီးနောက်ပိုင်း အထောက်အပံ့များအတွက် ဘဏ္ဍာငွေ ချမည် ဖြစ်ကာ အလယ်အလတ်စား တူးမြောင်းစီမံကိန်းကို ၂၀၂၆ ခုနှစ်တွင် တည်ဆောက်ပြီး ကျေးရွာ ၁၅ ရွာကျော်သို့ တစ်နှစ်ပတ်လုံး ရေရရှိစေမည်ဖြစ်ကြောင်း၊ ယောနသံ ဒေသ၏ မြေမျက်နှာသွင်ပြင်နှင့် ကိုက်ညီသော ရိုးရာစပါးမျိုးများကို ထိန်းသိမ်းရန်၊ လူငယ်များကို သဘာဝစိုက်ပျိုးနည်းစနစ်များ သင်ကြားပေးရန်နှင့် ရေရှည်တည်တံ့သော နည်းပညာများကို မြှင့်တင်ရန် ရည်ရွယ်သော သုတေသနဌာနအသစ်တစ်ခု တည်ထောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စာမူမှတ်တမ်း
-
▼
2025
(107)
-
▼
May
(10)
- နိုင်ငံတော် သမ္မတ နှင့် ယောနသံဒေသ အကြီးအကဲ တို့ တွ...
- ရှေ့တန်း စစ်မြေပြင်ရှိ တပ်မတော်သားများကို ဒေသအကြီး...
- ၃ ရက်ကြာ ထိုးစစ်အပြီးတွင် ရန်သူ၏ မဟာဗျူဟာကျသော နယ်...
- NDA ၏ စစ်ဦးစီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
- အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) ၏ တရားဝင် စစ်ရေးက...
- ယောနသံဒေသအကြီးအကဲ တတိယမင်းသား မိုးနတ်၏ တော်ဝင် မင်...
- ယောနသံဒေသအကြီးအကဲ ၏ ဒေသတွင်း စစ်ဆေးသည့် ခရီးစဉ် အတ...
- ယောနသံဒေသ အစိုးရအဖွဲ့ (YRG) ကို ပြင်ဆင်ဖွဲ့စည်းခြင်း
- ယောနသံ ဒေသအကြီးအကဲ ၏ ဓာတ်ပုံများကို စတင်ရောင်းချ
- ယောနသဒေသ၏ ခေါင်းဆောင်မှု အပြောင်းအလဲ မှတ်တမ်း
-
▼
May
(10)