အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသဒေသ၏ ခေါင်းဆောင်မှု အပြောင်းအလဲ မှတ်တမ်း

၁။ ပထမ မိုးနတ်မင်းသား၏ ခေတ်
လွန်ခဲ့သော အချိန်များစွာက ယောနသဒေသသည် ခိုင်မာသော ခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင် စုစည်းခဲ့သည်။ သူ၏အမည်မှာ ပထမမိုးနတ်မင်းသား ဖြစ်သည်။ သူသည် ဒေသအကြီးအကဲတစ်ဦးအဖြစ် ပညာရှိပြီး သတ္တိရှိသော သူတစ်ဦးဖြစ်ကာ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲခံစားခဲ့ရသော ဒေသကို ငြိမ်းချမ်းစေရန် ကူညီခဲ့သည်။ 

ဗဟိုစနစ် ဟုခေါ်သော နိုင်ငံရေးစနစ်ကို ဖန်တီးပြီး ပြည်သူနှင့် ဒေသအတွက် နိုင်ငံရေး စနစ်သစ်တစ်မျိုးကို ဖန်တီးဖော်ထုတ်သည်။ အုပ်ချုပ်ရေးကို အထိုင်ချသည်။

သူသည် တရားမျှတခြင်း၊ တည်ငြိမ်အေးဆေးခြင်းနှင့် ဒေသ၏ ရိုးရာဓလေ့များကို လေးနက်စွာ ရိုသေလေးစားခြင်းတို့ကြောင့် လူများက သူ့ကို ချစ်ခင်ကြသည်။

သူသည် ခိုင်မာသော အစိုးရစနစ်များကို တည်ဆောက်ခဲ့ပြီး အမျိုးသားကာကွယ်ရေးတပ်မတော် (National Defence Army - NDA) ၏ ကို တည်ထောင်ကာ ဒေသကို ကာကွယ်ခဲ့သည်။ သူသည် မကြာခဏဆိုသလို “ပြည်သူများ လုံခြုံမှသာ မြေသည် တည်တံ့လိမ့်မည်” ဟု ဆိုလေ့ရှိသည်။

ပထမ မိုးနတ် မင်းသားသည် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ သို့သော် သူ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကျန်းမာရေး ချို့ယွင်းလာခဲ့သည်။ သူသည် ထာဝရ ဦးဆောင်နိုင်မည်မဟုတ်ကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် သားတော် ဇမ္ဗူမိုးနတ်မင်းသားအား သူ၏နေရာတွင် ဆက်ခံရန် ပြင်ဆင်ခဲ့သည်။

၂။ ဒုတိယ မိုးနတ်မင်းသား၏ ထွန်းတောက်မှုနှင့် ကြေကွဲဖွယ်ရာ ကျဆုံးခြင်း

ပထမ မိုးနတ် မင်းသား ကွယ်လွန်ပြီးနောက် ဇမ္ဗူမိုးနတ်မင်းသားအား ဒေသအကြီးအကဲ ဒုတိ မိုးနတ်မင်းသားအဖြစ် တင်မြှောက်ခဲ့သည်။သူသည် ထက်မြက်သော ဉာဏ်ရည်ရှိပြီး ခိုင်မာသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ငယ်စဉ်ကပင်နိုင်ငံခြားရေးရာနှင့် စစ်ရေးစီမံကိန်းများကို လေ့လာသင်ယူခဲ့သည်။ 

ဒေသအကြီးအကဲ ဖြစ်လာသောအခါ ဖခင်၏ ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်ပြီး ဒေသကို ပိုမိုခိုင်မာအောင် တည်ဆောက်မည်ဟု ကတိပြုခဲ့သည်။ ပထမနှစ်တွင် သူသည် စာသင်ကျောင်းများ ပိုမိုတည်ဆောက်ခြင်း၊ NDA ၏ လေ့ကျင့်ရေးကို မြှင့်တင်ခြင်းနှင့် ကုန်သွယ်လမ်းကြောင်းသစ်များ ဖွင့်လှစ်ခြင်းတို့ကို အဓိကထား လုပ်ဆောင်ခဲ့သည်။

အာဏာရယူပြီး တစ်နှစ်အကြာတွင် မြောက်ပိုင်းစစ်တန်းလျားများသို့ စစ်ဆေးရန် သားတော် တံခွန်မြို့စား အာကာမိုးနတ်နှင့်အတူ ခရီးထွက်နေစဉ် ဧရာဟံသာ စစ်တပ်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ကွန်ဒိတ္ထတောအုပ် လမ်းကြားအနီးတွင် ယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခဲ့ကြရာ ကိုယ်ရံတော်တပ်ဖွဲ့က ရဲရင့်စွာ ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အားမမျှပဲ ဒေသအကြီးအကဲမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရာ လျှို့ဝှက် NDA တပ်စခန်းတစ်ခုတွင် ကွယ်လွန်ခဲ့သည်။ 

၃။ တတိယ မိုးနတ်မင်းသား ဆက်ခံခြင်း
လုပ်ကြံမှုဖြစ်စဥ်ဖြစ်ပွားစဥ် တွင် သားတော်ငယ် သီဟဓမ္မ မိုးနတ်မင်းသား သည် ယော်နသံ မြို့တော်၌ မရှိပေ။ အနောက်ပိုင်းနယ်စပ်အနီးတွင် တပ်များကို ဦးဆောင်လျက် NDA တွင် အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်။ 

လုပ်ကြံမှုဖြစ်စဥ်သတင်းကို ကြားချိန်တွင်မြို့တော်သို့ ပြန်လာကာ တပ်များကို ဦးစီးခဲ့သည်။ ထို့ပြင် ထိုးဖောက် စစ်ဆင်ရေး အတွက် ယာယီဒေသအကြီးအကဲ အနေဖြင့် အမိန့်ပေးခဲ့သည်။

ထို့နောက် ပြည်သူ့အတိုင်ပင်ခံကောင်စီ နှင့် အကြီးအကဲတင်မြှောက်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဒေသအကြီးအကဲရာထူး ကို ဆက်ခံသည်။ တတိယ မိုးနတ်မင်းသား ဆိုသော အမည်ကို ရွေးချယ်သည်။

သူသည် သတ္တိရှိခြင်း၊ တည်ငြိမ်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းနှင့် စစ်သားများနှင့် အရပ်သားများကို လေးလေးစားသား ဆက်ဆံခြင်းတို့ကြောင့် လူသိများသည်။အဘိုး၏ ဉာဏ်ပညာနှင့် သူ၏ဖခင်၏ ခွန်အားနှစ်ရပ်စလုံးကို ပိုင်ဆိုင်သည်ဟု လူများစွာ ယုံကြည်ကြသည်။

ရာထူးဆက်ခံပွဲအခမ်းအနားတွင် 
“ဒီသရဖူကို ကျွန်တော် မရွေးချယ်ခဲ့ပါဘူး။ ဒီမြေက ကျွန်တော့်ကို ရွေးချယ်ခဲ့တာပါ။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ရိုင်ဖယ်သေနတ်လိုပဲ ပြည်သူ့အကျိုးကို စည်းကမ်းရှိရှိနဲ့ တိတ်ဆိတ်စွာ သယ်ဆောင်သွားပါမယ်” ဟု မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင်သူသည် ပြည်သူများအား အရာသုံးခုကို ကတိပြုခဲ့သည်-
 ကာကွယ်ရေး - မည်သည့်ရန်သူကမျှ ကျွန်ုပ်တို့၏ ပြည်သူများကို ထိခိုက်အောင် ပြုလုပ်နိုင်ခြင်းမရှိစေရန် ဆောင်ရွက်မည်
 * တရားမျှတမှု - ဆင်းရဲသူများ ဒုက္ခရောက်နေစဉ် မည်သည့်အာဏာရှိသူမျှ လွတ်မြောက်နေလိမ့်မည် မဟုတ်။ 
 * ဂုဏ်သိက္ခာ - ယောနသ၏ အမည်သည် ဂုဏ်ယူမှုနှင့် မိမိကိုယ်ကို လေးစားမှုတို့ဖြင့် မြင့်တက်လာလိမ့်မည် ဟူ၍ ဖြစ်သည်။

(ပြည်သူ့မှတ်တမ်းဌာန - ယောနသံမြို့ မှ စုဆောင်းတင်ပြသည်)

စာမူမှတ်တမ်း