ပြည်သူ့အတိုင်ပင်ခံ ကောင်စီ၏ သဘောတူညီချက်ဖြင့်ယောနသံဒေသ အစိုးရ အဖွဲ့ ဝန်ကြီးချုပ် အဖြစ် ဦးဇော်လွင်ကို ခန့်အပ်တာဝန်ပေးလိုက်သည်။
ဤဆုံးဖြတ်ချက်သည် အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်သော ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ရန် တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ကိုယ်ရေးအကျဥ်း
ဦးဇော်လွင်ကို အိမ်ဦးမြို့နယ်တွင် မွေးဖွားခဲ့သည်။ ၎င်း၏ဖခင်မှာ ဒေသန္တရအုပ်ချုပ်ရေးတွင် အကြီးတန်းအုပ်ချုပ်ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။
ပညာရေး
နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒဘာသာရပ်ကို အထူးပြုလေ့လာခဲ့ကာ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဖြင့် ဘွဲ့ရရှိခဲ့သည်။ နောက်ပိုင်းတွင် စင်္ကာပူနိုင်ငံ၊ Nanyang Technological University တွင် Public Administration (MPA) မဟာဘွဲ့ကို သင်ယူခဲ့သည်။
အသက်မွေးဝမ်းကြောင်းအလုပ်
မြန်မာနိုင်ငံတော်အစိုးရ၊ ကုန်သွယ်ရေးဝန်ကြီးဌာနတွင် စီးပွားရေးမူဝါဒအကြံပေးအဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ ယင်းနောက် ယောနသံတိုးတက်ရေးအဖွဲ့ (YNPO) တွင် အဖွဲ့ဝင်အဖြစ်မှစတင်ကာ ဗဟိုကော်မတီဝင် အဆင့်ထိတာဝန်ထမ်းဆောင်နေသည်။ YNPO ၏ ကျေးလက်ဒေသတိုးတက်ရေးဌာနကို တည်ထောင်ကာ ပထမဆုံး ဌာနကြီးမှူး အဖြစ် တာဝန်ယူခဲ့သည်။
ဒေသအစိုးရအဖွဲ့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုတိယ၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး အခြေခံအဆောက်အအုံစီမံကိန်းများကို ဦးဆောင်ခဲ့သည်။
တိုင်းဒေသကြီး၏ဘဏ္ဍာရေးစနစ် ခေတ်မီတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။
ယင်းနောက် အစိုးရ ပြုပြင်ပြောင်းလဲမှုကာလများအတွင်းအုပ်ချုပ်ရေးနှင့် လုံခြုံရေး ပြုပြင်ပြောင်းလဲမှုများကို ကြီးကြပ်ခဲ့ပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် ယာယီ တာဝန်ထမ်းဆောင်ခဲ့သည်။
အဓိက ဆောင်ရွက်ချက်များ
အမျိုးသား အခြေခံအဆောက်အအုံ တိုးချဲ့ရေး အစီအစဉ်ကို ဦးဆောင်ကာ စီးပွားရေးအရ ဒေသတွင်း ချိတ်ဆက်မှုကို တိုးတက်စေခဲ့သည်။
စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ၊ နိုင်ငံတကာ မဟာမိတ်များနှင့် စီးပွားရေး၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) ခေတ်မီရေး အတွက် YNPO ၏ ဗဟိုကော်မတီဝင်တစ်ဦးအနေဖြင့် ခိုင်မာသော အမျိုးသား လုံခြုံရေး မူဝါဒများ ချမှတ်ရန် တွန်းအားပေး ထောက်ခံခဲ့သည်။
No comments: