အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

လုံခြုံရေး အခြေအနေအရ အထူးဒေသ ၄၊ သရဖူ ကျွန်းကို အောင်မြင်စွာ တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့


ကာကွယ်ရေး ဝန်ကြီးဋ္ဌာန၊ ယောနသံဒေသ အစိုးရ အဖွဲ့

အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) သည် အထူးဒေသ ၄ အတွင်း ဗျူဟာမြောက် အရေးပါသော နယ်မြေဖြစ်သည့် သရဖူ ကျွန်းကို ကြည်း၊ရေ၊ လေ ပေါင်းစပ်စစ်ဆင်ရေးဖြင့် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါသည်။

ကျွန်း၏ ပထဝီဝင်တည်နေရာနှင့် ဗျူဟာမြောက် အားသာချက်များကြောင့် အရေးပါသောနေရာဖြစ်သည့် သရဖူ ကျွန်းသည် ဒေသတွင်း မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေသူများက ​ခြေကုပ်သဖွယ်အသုံးချကာ အုန်းကျွန်းဒေသခွဲကို တိုက်ခိုက်ရန်၊ အုန်းကျွန်းဒေသခွဲကို အခြေပြုကာ ယောနသံဒေသကို ပင်လယ်ထွက်ပေါက်ပိတ်ရန် ဆောင်ရွက်နေကြောင်း ထောက်လှမ်းရေး အစီရင်ခံစာများ က ဖော်ပြသည်။ 

ရန်သူ့တပ်ဖွဲ့ဝင်များသည် သရဖူကျွန်းကို ခြေကုပ်ရယူကာ အခိုင်အမာ စခန်းများ တည်ပြီး စစ်ပြင်နေသည့်အတွက် NDA အနေဖြင့် ပြတ်ပြတ်သားသား တိုက်ခိုက်ခြေမှုန်းရန် ဆုံးဖြတ်ခဲ့သည်။

မြေပြင်တပ်များ - NDA ၏ တပ်ဖွဲ့ဝင်များသည် ကျွန်း၏ တောင်ဘက်ခြမ်းတွင် ကမ်းတက်ကာ ရန်သူ ခြေကုပ်စခန်းများကို တိုက်ခိုက်ပြီး လျပ်တပြက် စစ်ဆင်ရေးဖြင့် သရဖူမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ရေတပ်တပ်ဖွဲ့များ- အမြန်တိုက်ခိုက်ရေးလှေများနှင့် ရေယာဥ်များသည် ရန်သူ့အားဖြည့်တင်းမှုများနှင့် ထွက်ပြေးရန်လမ်းကြောင်းများကို တားဆီးပိတ်ဆို့ခြင်းများ လုပ်ဆောင်ခဲ့သည်။

လေတပ်များ- ကင်းထောက် လေယာဉ်များသည် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မြေပြင်တပ်များ ချီတက်ရန်အတွက်လည်း ပစ်ကူအဖြစ် ဆောင်ရွက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် ရန်သူ့တပ်များ သိသိသာသာ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး တိုက်ပွဲဝင် ၅၀ ကျော်ကို အသေမိကာ ၁၅ ဦးကို အရှင် ဖမ်းမိခဲ့သည်။ NDA တပ်ဖွဲ့ဝင်များတွင် ကောင်းစွာညှိနှိုင်းထားသော နည်းဗျူဟာများနှင့် အဆင့်မြင့်ပြင်ဆင်မှုများကြောင့် အသေအပျောက်အနည်းငယ်မျှသာ ရှိခဲ့သည်။

သရဖူ ကျွန်းသည် NDA စီရင်ပိုင်ခွင့်အောက်တွင် အပြည့်အဝရှိနေပြီး စစ်ဆင်ရေးအတွင်း ကျွန်းပေါ်တွင် နေထိုင်သော အရပ်သားများ ထိခိုက်မှု မရှိခဲ့အောင် ဆောင်ရွက်နိုင်ခဲ့သည်။ တည်ငြိမ်အေးချမ်းမှု ပြန်လည်ထူထောင်ရေး အတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

သရဖူကျွန်းကို ယောနသံဒေသမှ အပြီးတိုင် သိမ်းပိုက်ခြင်း မဟုတ်ပဲ ယောနသံဒေသ အစိုးရအဖွဲ့မှ ကြီးကြပ်မှုဖြင့် ဒေသခံများသာ ပါဝင်သော အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းပေးသွားမည် ဖြစ်သည်။

စာမူမှတ်တမ်း