အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသား၏ မိန့်ခွန်း


ဒေသရဲ့ ထောင့်တိုင်း၊ အစည်ကားဆုံးမြို့တွေကနေ အဆိတ်ငြိမ်ဆုံးရွာတွေအထိ၊ လွင်ပြင်ကနေ တောင်ကုန်းတွေအထိ ခုခံကာကွယ်မှာ ဖြစ်ပါတယ်။

ယောနသံ ပြည်သူအပေါင်းတို့ ခင်ဗျာ...
ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ၊ ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့၊ အမိမြေကို ကာကွယ်ဖို့ အတွက် သင်တို့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ က ကတိပေး ပြောကြားစရာတွေ ရှိနေပါတယ်။

အရင်ဆုံးကျွန်တော်တို့ ဒေသ ကို ခြိမ်းခြောက်မှုတွေဟာ မယိမ်းယိုင်တဲ့ ဖြေရှင်းမှု၊ ပြတ်ပြတ်သားသားအရေးယူမှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ကတိပေးပြောကြား လိုပါတယ်။ 

ရန်သူတွေကို တစ်ခု သတိပေးလိုတာက ယောနသံ ဒေသ ရဲ့ ကာကွယ်ရေး အတွက် အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) က တာဝန်ယူထားပေမယ့် တကယ့်တမ်း ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ စွမ်းအားဟာ စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုနဲ့ မျိုးသစ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုရရှိဖို့ သန္နိဋ္ဌာန်အပေါ်တည်ဆောက်ထားတဲ့ စိတ်ဓာတ်ပေါ်မှာ တည်ရှိတာပါ။  

ကျွန်တော့် ဦးဆောင်မှုအောက်မှာ NDA ဟာ အမြဲသတိရှိရှိနဲ့ သောင်းကျန်းသူတွေ၊ ကျူးကျော်သူတွေ၊ ပူးပေါင်းကြံစည်သူတွေ ဒါမှဟုတ် ပြည်ပအားကိုးတွေရဲ့ လုပ်ရပ်တွေအပါအဝင် ဘယ်လို ခြိမ်းခြောက်မှုတွေကိုမဆို ဖြိုဖျက်ပြီး ချေမှုန်းမှာဖြစ်ပါတယ်။ လက်တွေ့ကိုပဲ ဒေသတည်ငြိမ်ရေးကို ကာကွယ်ရာမှာ သိသာထင်ရှားတဲ့ အောင်ပွဲတွေရရှိထားပြီဖြစ်ပါတယ်။ ဒီအောင်ပွဲတွေဟာ စုပေါင်းအားထုတ်မှု၊ စည်းကမ်းလိုက်နာမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုအခြေခံမူအပေါ် ကျွန်တော်တို့ ပြည်သူတွေရဲ့ အလျှော့အတင်းမရှိ ယုံကြည်မှု အတွက် သက်သေဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရန်သူတွေအတွက် သတိပေးပါရစေ ယောနသံဟာ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ပါဘူး။ ဒေသရဲ့ ထောင့်တိုင်း၊ အစည်ကားဆုံးမြို့တွေကနေ အဆိတ်ငြိမ်ဆုံးရွာတွေအထိ၊ လွင်ပြင်ကနေ တောင်ကုန်းတွေအထိ ခုခံကာကွယ်မှာ ဖြစ်ပါတယ်။ ဒါဟာ အမုန်းတရားကြောင့်မဟုတ်ပဲ ကျွန်တော်တို့တို့ရဲ့ ဇာတိမြေ၊ ကျွန်ုပ်တို့ရဲ့ ဘဝလမ်းစဉ်နဲ့ မျိုးဆက်တွေအတွက် မေတ္တာစိတ်နဲ့ လုပ်မှာပါ။

ပြည်သူအပေါင်းတို့ ....
ငြိမ်းချမ်းစွာ နေထိုင်နိုင်သလို လွတ်လပ်၊ စည်းလုံးညီညွတ်ပြီး တိုးတက်တဲ့ ဒေသ အဖြစ် ဂုဏ်ယူစွာ လျှောက်လှမ်းနိုင်တဲ့ အနာဂတ်ကို လက်တွဲတည်ဆောက်ကြပါစို့။

ဘိုးဘေးတွေရဲ့ စိတ်ဓာတ်က အမြဲလမ်းပြနေမှာပါ 

ဟူးရား ယောနသံ အောင်မြင်ပါစေ

စာမူမှတ်တမ်း