အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသန်သည် ပြည်ထောင်စု အတွင်းက မိသားစုသာဖြစ်

မကြာသေးမီက ပြုလုပ်ခဲ့သော ယောနသံဒေသအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြတ်က စည်းလုံးညီညွတ်ရေးအတွက် မယိမ်းယိုင်သောကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါသည်။  စိုးရိမ်ပူပန်မှုများနှင့် ထင်ကြေးပေးပြောဆိုမှုများအပေါ် ယောနသံဒေသအစိုးရအဖွဲ့ကို ကိုယ်စားပြုကာ ဒေါ်ယမင်းမြတ် က ယောနသန်ဒေသသည် ကျယ်ပြောလှသော မြန်မာနိူင်ငံ၏ အဓိကကျသော အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံမှ ခွဲထွက်ရန် ရည်ရွယ်ခြင်း၊ ကြိုးစားခြင်းမရှိကြောင်း ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။

"သေချာတာက ကျွန်မတို့ ခွဲမထွက်ပါဘူး။ ကျွန်မတို့ဒေသအစိုးရမှာလည်းဒါမျိုးအစီအမံမရှိပါဘူး။ ဥပမာ ရန်အောင်မြင်မြို့က ဆိပ်ကမ်းတွေကိုကြည့်ပါ။ဗဟိုအစိုးရအရာရှိတွေလည်းပါဝင်ပါတယ်။ကျွန်မတို့ဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာတဲ့မူကိုသာ ကိုင်စွဲထားတာဖြစ်ကြောင်း သမိုင်းကြောင်းတောက်လျှောက်ကိုကြည့်ရင်သိနိူင်ပါတယ်" ဟု ဒေါ်ယမင်းမြတ်ကပြောသည်။

ယောနသန်သည် ၎င်း၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်းဝင် ဆက်ဆံမှုများ နှင့် မြန်မာလူမျိုးများနှင့် တူညီသော ဝိသေသလက္ခဏာများကို တန်ဖိုးထား မြတ်နိုးကြောင်း ဒေါ်ယမင်းမြတ်က အလေးပေး ပြောကြားခဲ့ပါသည်။  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် 
အမျိုးသားစည်းလုံးညီညွတ်ရေးသည် နိုင်ငံသားအားလုံး၏ စုပေါင်းသက်သာချောင်ချိရေးနှင့် တိုးတက်မှုကို မြှင့်တင်ရာတွင် အရေးပါမှုကို အသိအမှတ်ပြုပါသည်။

အချုပ်အခြာအာဏာ၊ နယ်မြေစိုးမိုးရေးနှင့် အမျိုးသားသဟဇာတဖြစ်မှုဆိုင်ရာ အခြေခံမူများကို လိုက်နာစောင့်ထိန်းရန် ကတိကဝတ်ပြုထားသည့်  နက်ရှိုင်းသော မျိုးချစ်စိတ်ဓာတ်ဖြင့် မြန်မာနိုင်ငံအပေါ် သစ္စာခံမှုမပျက်ယွင်းကြောင်းလည်း ဒေါ်ယမင်းမြတ်ကဆိုသည်။

ဒေသအစိုးရသည် ကွဲလွဲမှု သို့မဟုတ် မကျေနပ်ချက်များကို ဖြေရှင်းရာတွင် အပြန်အလှန်လေးစားမှု၏ အရေးပါမှုသဘောနှင့် အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်လေးစားမှုတို့ကို အလေးပေးသည့် ဒီမိုကရေစီ လုပ်ငန်းစဉ်၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပံ့ပိုးကူညီမှုဖြင့် ခိုင်မာစွာရပ်တည်နေပါသည်။

ဒေသအစိုးရသည် ဘုံစိန်ခေါ်မှုများကိုဖြေရှင်းရန်၊ ငြိမ်းချမ်းရေးမြှင့်တင်ရန်နှင့် အားလုံးအတွက် မျှဝေနိုင်မည့်သာယာဝပြောမှုရရှိရန် ဗဟိုအာဏာပိုင်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရေး ကတိသစ္စာပြုကာ ပြည်သူများအား အာမခံချက်ပေးထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုပြောကြားပါသည်။

 

စာမူမှတ်တမ်း