ယောနသံ ဒေသသည် Democratic Monarchy စနစ်ကို ကျင့်သုံးပြီး လူတန်းစား လွတ်လပ်ရေး ကို ကာကွယ်ပါသည်။

Search This Blog

ဒေသ၏အမြင့်ဆုံး ဘွဲ့ဂုဏ်ထူးဖြစ်သည့် ယောနသံ အားမာန်ဘွဲ့ ချီးမြှင့်ခြင်း

ယောနသံဒေသ၏ အမြင့်ဆုံး ဘွဲ့ဂုဏ်ထူးဖြစ်သည့် ယောနသံ အားမာန်ဘွဲ့ကို လက်ရုံးကောင်စီအဖွဲ့ဝင်၊အမျိုးသားကာကွယ်ရေးတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘအေး ကို ချီးမြှင့်လိုက်သည်။

ဗိုလ်ချုပ်ကြီး ဘအေးသည် ဒေသ​တည်ထောင်ရာတွင် အဓိကနေရာက ပါဝင်သည့် ယောနသံ တပ်ဦးအဖွဲ့သို့သာမန်အဖွဲ့ဝင်အ​ဖြစ်ဝင်ရောက်ခဲ့သူဖြစ်သည်။

ထို့နောက် တပ်ဦး၏ လက်ရုံးတပ်​ဖြစ်သော ယောနသံလွတ်မြောက်ရေးတပ်ဖွဲ့ တည်ထောင်ရာတွင်ပါဝင်သူတစ်ဦးဖြစ်ခဲ့ပြီး အမှတ် ၁ တပ်ဖွဲ့မှူးအဖြစ်စတင်တာဝန်ယူခဲ့သည်။ တပ်ဖွဲ့မှူးအဖြစ် ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့ကာ အမာခံစစ်နယ်မြေကိုထူထောင်နိုင်ခဲ့သည်။

ပြည်တော်ဝင်စစ်ကြောင်းမှူးအဖြစ်တာဝန်ယူခဲ့ကာ ယောနသံဒေသပြန်လည်ရရှိရေးအတွက်တိုက်ခိုက်ခဲ့သည့်အပြင် ပထမ မိုးနတ်မင်းသားအပါအဝင် ခေါင်းဆောင်များ ရန်သူ့ပိတ်တို့ခံရစဥ်အတွင်း ယောနသံတပ်ဦးအဖွဲ့ကို ခေတ္တတာဝန်ယူဦးဆောင်ကာ စစ်ရေးနှင့်နိုင်ငံရေးကို တွဲဖက်လုပ်ဆောင်ခဲ့သည်။

ယောနသံဒေသ ကာကွယ်ရေးအတွက် အမျိုးသားကာကွယ်ရေးတပ်မတေယ်ကိုထူထောင်ရန် ဦးဆောင်ကြိုးပမ်းသူတစ်ဦးဖြစ်ပြီး တပ်မတော်တိုးတက်ရေးအတွက်ယနေ့တိုင်တာဝန်ယူနေသူလည်းဖြစ်သည်။


ပထမ မိုးနတ်မင်းသား

အကြီးအကဲ

ယောနသံဒေသအစိုးရအဖွဲ့

ဒေသ၏အမြင့်ဆုံး ဘွဲ့ဂုဏ်ထူးဖြစ်သည့် ယောနသံ အားမာန်ဘွဲ့ ချီးမြှင့်ခြင်း ဒေသ၏အမြင့်ဆုံး ဘွဲ့ဂုဏ်ထူးဖြစ်သည့် ယောနသံ အားမာန်ဘွဲ့ ချီးမြှင့်ခြင်း Reviewed by Yaw Na Than Gov on March 21, 2024 Rating: 5

No comments:

Powered by Blogger.