အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အိမ်ဦးမြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းတစ်ခု တိုက်ခိုက်ခံရသည့် ဖြစ်စဥ်နှင့်ပတ်သက်၍ ထုတ်ပြန်ချက်


ယောနသန် ဒေသ၊ အိမ်ဦးမြို့နယ်ရှိ အမျိုးသား ကာကွယ်ရေး တပ်မတော် (NDA) ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ဧရာဟံသာ စစ်တပ်က အကြောင်းမဲ့လာရောက်တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ 

ယခု လုပ်ရပ်သည် ကျွန်ုပ်တို့၏နယ်မြေပိုင်ဆိုင်မှု၊ အချုပ်အခြာအာဏာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်ခြင်းဖြစ်သည်။

နယ်မြေမတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းသော ရန်လိုသည့် ယခု တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် အမျိုးသား ကာကွယ်ရေး တပ်မတော်သည် ရန်လိုများကို နှိမ်နင်းရန်နှင့် ဒေသ လုံခြုံရေး အတွက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခဲ့ပါသည်။ နယ်စပ်ကို ကာကွယ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူများအား အာမခံပါသည်။

ထို့ပြင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့်အတူအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး ဤသူရဲဘောကြောင်သောတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကို တရားမျှတမှုရှိစေရန် သေချာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားပါမည်။

သက်ထွန်း
ဝန်ကြီးချုပ်
ယောနသန်ဒေသအစိုးရအဖွဲ့

စာမူမှတ်တမ်း