Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
အောင်လံတော်နေ့ စတင်ဖြစ်ပေါ်လာပုံ
============================
ယောနသံ ဒေသ ကို တည်ထောင်လိုက်ပြီးနောက် ဒေသ ၏ အုပ်ချုပ်ရေး ကိစ္စ၊ လုံခြုံရေး ကိစ္စ ကို ဗဟိုအဖွဲ့ က တာဝန်ယူလိုက်ချိန်တွင် အုပ်ချုပ်ရေး ယန္တရား ကို ပျက်ပြားစေရန်၊ တည်ငြိမ်မှုကင်းမဲ့စေရန် အတွက် အကောက်ကြံခြင်းများ၊ သွေးထိုးလှုံဆော်ခြင်းများ ပေါ်ပေါက်လာခဲ့သည်။
ဗဟိုအဖွဲ့၊ လက်ရုံးကောင်စီက နယ်မြေကို တည်ငြိမ်စေရန် အတွက် ခက်ခက်ခဲခဲဆောင်ရွက်နေချိန်တွင် ထပ်မံခက်ခဲစေရန် အတွက် အကြောင်းအရင်းတစ်ခု ကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးလိုက်ပြန်၏။ အဆိုပါ အချက်မှာ ယောနသံဒေသ ၏ ပိုင်နက် အတွင်း ထည့်သွင်းပေးရမည့်သာယာအေးမြို့ ကို တစ်ဘက်ဒေသ က ၄င်းတို့နှင့် သက်ဆိုင်သည့် အတွက် လွှဲပြောင်းခြင်း မပြုနိုင်ကြောင်း အကြောင်းကြားလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ခြင်း အားဖြင့် ယောနသံ ဒေသ ကို ပင်လယ်ထွက်ပေါက်ပိတ်စေကာ အင်အားချိနဲ့ပြီး မြေပုံပေါ်က အပြီးပိုင်ပျောက်ဆုံးသွားစေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ချက်ချင်းပင် ဒေသ အစိုးရ အနေဖြင့် ဗဟိုအစိုးရထံ တင်ပြခြင်း၊ ကန့်ကွက်ခြင်း၊ သံတမန်ကြောင်းအရ ဖြေရှင်းရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
ယောနသံ ဒေသ အစိုးရ အနေဖြင့် စစ်ရေးနည်းလမ်းက တပါး ဆောင်ရွက်ရန် အတွက် အခြားနည်းလမ်းမရှိစေတော့ချေ။ ထို့ကြောင့် ဒေသ ၏ ကာကွယ်ရေး ကော်မတီ အစည်းအဝေး ကို ခေါ်ယူကာ အကြီးအကဲ ပထမမိုးနတ်မင်းသား က စစ်ရေးဖြင့် နယ်မြေကို ပြန်လည်ရယူရန် လမ်းညွှန်ချက်ပေးခဲ့ပြီး ထိုးစစ်ဆင်မည့် စစ်ရေးနည်းလမ်းများကို ဆွေးနွေးကာ ပြည်တော်ပြန် စစ်ဆင်ရေး ဟု အမည်ပေးခဲ့ကြသည်။
အမျိုးသားကာကွယ်ရေး တပ်မတော်အနေဖြင့် ထိုစဥ်က ယခုကဲ့သို့ မပြည့်စုံသေးသည့် အခြေအနေဖြစ်ရာ လက်နက်အပြည့်အစုံတပ်ဆင်ပြီး အသင့်အနေအထား ဖြစ်နေသည့် ရန်သူကို ရင်ဆိုင်ရန် မလွယ်ခဲ့ချေ။ ထို့စဥ်က ဗိုလ်မှူးချုပ် (နောင် ဗိုလ်ချုပ်ကြီး) ဘအေးကို ပထမ စစ်ကြောင်းမှူး၊ ဗိုလ်မှူးချုပ် ရဲခေါင် (ယခု အငြိမ်းစား) ကို ဒုတိယ (အယောင်ပြ) စစ်ကြောင်းမှူး အဖြစ် တာဝန်ခွဲကာ ထိုးစစ်ကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။
ပထမ ဦးစွာ အယောင်ပြ စစ်ကြောင်းက တဖက်နယ်မြေ ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့်ရန်သူအထင်မှားစေရန် ပြုလုပ်ပြီး နှစ်ရက်မြောက် နေ့ တွင် ရာဇဌာနီမြို့ကို ဖြတ်ကျော်ကာ ပြည်တော်ပြန် စစ်ဆင်ရေး ၏ ပန်းတိုင် ခရီးစတင်ခဲ့သည်။ ထိုသို့ ချီတက်ရာတွက် ယောနသံမြို့က ချက်ချင် ပစ်မှတ်ရှိရာသို့ ချီတက်ခြင်း ဖြစ်ရာ လျင်မြန်မှုကို ဦးစားပေးရာတွင် ပြည်သူများက အားကြိုးမာန်တက် ကူညီခဲ့ကြ၏။ လိုအပ်သော ယာဥ်များ၊ ရိက္ခာများ စသည်ဖြင့် လိုအပ်သည်များကို ထောက်ပံ့ခဲ့ကြသည်။
စစ်ကြောင်းသည် နယ်စပ်ဖြတ်ကျော်သည်နှင့် ရင်ဆိုင်တိုက်ပွဲများကို တွေ့ကြုံရကာ တဖက်စစ်သည်များ၏ တိုက်ခိုက်မှုကိုလည်း ပြင်းပြင်းထန်ထန်ခံရ၏။ စစ်ကြောင်း ကို အစုသုံးစုခွဲ၍ ချီတက်စေကာ တိုက်ခိုက်ရာတွင် တစ်ဖက်ဒေသနှင့် နီးသည့် အစုမှာ တိုက်စစ်မှ ခံစစ်၊ ထိုမှ တန်ပြန်တိုက်စစ် စသည်ဖြင့် နည်းလမ်းကို မကြာခဏ အသုံးပြုကာ တိုက်ခိုက်ခဲ့ရသည်။
ဤနေရာတွင် ပြည်သူ့စစ်များ၏ ကဏ္ဍကို မေ့၍ မရပါ။ သာယာအေးမြို့ မှ ဗိုလ်ဇင် ဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ကလည်း နောက်ကြောင်းမှ တဖက်စစ်သားများကို အနှောက်အယှက်ပေးခြင်း ပြုခဲ့သည်။ ရန်သူတွင် မဟာမိတ်တပ်ရင်း တပ်ဖွဲ့များပါ ပူးပေါင်းပါဝင်ခဲ့သော်လည်း ယောနသံ စစ်သည်များ၏ မလျှော့သော ဇွဲ၊ နိုင်လိုစိတ်တို့ဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့တပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းကာမတ်လ ၆ ရက်တွင် ရန်သူများကို မောင်းထုတ်နိုင်ခဲ့ပြီး သာယာအေးမြို့ကို ပြန်လည်ရရှိခဲ့ရာ ရန်အောင်မြင်မြို့ဟု အမည်ပြောင်းလဲခဲ့သည်။
စာမူမှတ်တမ်း
-
▼
2022
(45)
-
▼
June
(9)
- အောင်လံတော်နေ့ သတ်မှတ်ခြင်း
- မိုးနတ်အိမ်တော်တံဆိပ် ၏ ရည်ညွှန်းချက်
- ယောနသံ ဒေသ အမှတ်တံဆိပ် ရည်ညွှန်းချက်
- အလံတော် အဓိပ္ပါယ် ဖွင့်ဆိုချက်
- ရတနာ ရွှေမြေ တပ်ရင်း တည်ထောင်ခြင်း
- ရဲနွယ် ဆိုလာ လျှပ်စစ် ဓာတ်အားပေးရုံ နှင့် ခေတ်စွမ...
- ယောနသံ အမျိုးသား တက္ကသိုလ် စတင်ဖွင့်လှစ်
- စစ်ဘက်ဆိုင်ရာ ရာထူး တာဝန်ခန့်အပ်မှုများ
- တံခွန် စစ်တက္ကသိုလ်
-
▼
June
(9)