အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံ အမျိုးသား တက္ကသိုလ် စတင်ဖွင့်လှစ်

ယောနသံ အမျိုးသား တက္ကသိုလ် ဖွင့်လှစ်ခြင်း အခမ်းအနားကို မေလ ၆ ရက်က ယောနသံမြို့ ရှိ အဆိုပါ တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။ 

ဖွင့်ပွဲသို့ ယောနသံဒေသ အကြီးအကဲ ပထမ မိုးနတ်မင်းသားပညာရေး ဝန်ကြီး ဦးနောင်လတ် နှင့် တာဝန်ရှိသူများ တက်ရောက်ကာ ပထမ မိုးနတ်မင်းသားက စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးပြီး တက္ကသိုလ် အဓိပတိ အဖြစ် တာဝန်ယူမည့် ဒေါက်တာ စန္ဒီလင်း ထံ ခန့်အပ်လွှာပေးအပ်ခဲ့ကာ တည်ဆောက်ရာတွင် ပါဝင်ခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပထမ မိုးနတ်မင်းသားက မိန့်ခွန်းပြောကြားရာတွင် မိမိတို့ ယောနသံဒေသသည် ပညာရေး ဖြင့် တည်ဆောက်ရမည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာများဖြင့် လူ့စွမ်းအား တိုးတက်ရေး ဆောင်ရွက်ရာတွင် အထူးအားထုတ်ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ အမျိုးသားတက္ကသိုလ် နှင့် ပတ်သက်​၍ သက်ဆိုင်ရာ တာဝန်ရှိသူများသာမက မိမိ အပါအဝင် ပြည်သူအားလုံးတွင် တာဝန်ရှိနေသည့် အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စာမူမှတ်တမ်း