ရေငုပ်သင်္ဘော ပြည်လုံးအောင် တပ်တော်ဝင်
အမျိုးသား ကာကွယ်ရေး တပ်မတော် (ရေ) တွင် အသုံးပြုမည့် ရေငုပ်သင်္ဘော စစ်ရေယာဉ် ပြည်လုံးအောင် ကို ယနေ့ တပ်တော်ဝင်ခဲ့သည်။
ဦးစွာ ဗဟို အဖွဲ့ ဥက္ကဌ အမျိုးသား၊ ပထမ မိုးနတ် မင်းသားက အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီးနောက် ယခုကဲ့သို့ တပ်တော်ဝင်ခြင်း နှင့် ပတ်သက်၍ မိန့်ခွန်းပြောသည်။
မိမိတို့ အနေဖြင့် အမျိုးသား ကာကွယ်ရေး တပ်မတော်ကို အဆင့်မြင့်တင်နေရာ ယခုကဲ့သို့ ရေငုပ်သင်္ဘော ကို ပိုင်ဆိုင်လိုက်ခြင်းက နောင်တွင် အဆင့်ဆင့် တိုးပွား တိုးတက် စေရေး လုပ်ဆောင်ရန် အတွက် ကနဦး ခြေလှမ်းပင် ဖြစ်ကြောင်း၊ အမျိုးသားရေး သစ္စာလေးချက်ကို အဓိက ထားကာ ယောနသံ အနေဖြင့် ဒေသတွင်း အေးချမ်းရေးသာ မက ပြည်ထောင်စုကြီး ခိုင်မာလုံခြုံရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပထမ မိုးနတ် မင်းသားက ပြောကြားခဲ့သည်။



