စံဗမာ ဆိုတဲ့ ဒေသဆိုင်ရာ လမ်းညွန်ချက်တစ်ခုကို ထုတ်ပြန်ပါလိမ့်မယ်
“ကျွန်တော်တို့ဟာ ယဉ်ကျေးတဲ့ ဗမာလူမျိုးတွေ ဖြစ်ပါတယ်။ ဗမာဆိုတာ ဒါပါလား ဆိုတာ ပြဖို့ လိုပါတယ်။ စိတ်မကောင်းစရာက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေဟာ တဖြည်းဖြည်း နဲ့ မှေးမှိန်လာနေတာ ကို တွေ့မြင်ရပါတယ်။ ဒါကိုလည်း အပြစ်တင်လို့ မရပါဘူး။ ယဉ်ကျေးမှုချင်း ကူးလူးဖလှယ်တာ လျင်မြန်နေတဲ့ ခေတ်ကြီးမှာ ကူးစက်နေတာကို တားဆီးဖို့ ဆိုတာ အင်မတန်ပဲ ခက်ပါတယ်။ ဒါပေမယ့် နည်းလမ်း မရှိတာလည်း မဟုတ်ပါဘူး။ ကာကွယ်ဖို့ နည်းလမ်းတွေ ရှိနေပါတယ်။ ဂျပန်ကို ဥပမာ ကြည့်လို့ ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ထိန်းသိမ်း ကာကွယ်ဖို့ လုပ်ကြရပါမယ်။ လုပ်တယ် ဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့ဒေသ အထွာ နဲ့ကျွန်တော်တို့ လုပ်ကြရပါမယ်။ ဒါကြောင့် ယောနသံ ဒေသ အမျိုးသားယဉ်ကျေးမှု ဌာန ကနေ စံဗမာ ဆိုတဲ့ ဒေသဆိုင်ရာ လမ်းညွန်ချက်တစ်ခုကို ထုတ်ပြန်ပါလိမ့်မယ်။ ဒီအတွက်လည်း အားလုံး အင်တိုက်အားတိုက် ပါဝင်ပေးကြဖို့ ကျွန်တော် တောင်းဆိုလိုပါတယ်။ ဒါကို မိတ်ဆက်ရမယ် ဆိုရင် တစ်ယောက် နဲ့ တစ်ယောက် မင်္ဂလာပါ ဆိုပြီး လက်အုပ်ချီနှုတ်ဆက်တာကနေ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေကို ထိန်းသိမ်းဖို့ အထိ အဆင့်ဆင့်ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလို လုပ်တာဟာ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းတာ ဖြစ်သလို တခြား အကျိုးတွေလည်း အများကြီး ရှိဦးမှာပါ။ ဒီအကြောင်းကို အမျိုးသား ယဉ်ကျေးမှု ဌာနကနေ ထုတ်ပြန်ပါလိမ့်မယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ဘတ်ဂျက်တွေ အများကြီး သုံးသွားမှာ ဖြစ်ပါတယ်”
(ပထမအကြိမ် ပြုလုပ်သည့် ဒေသလုံးဆိုင်ရာ ယဉ်ကျေးမှု အကပဒေသာပွဲတွင် ပြောကြားခဲ့သည့် ပထမ မိုးနတ် မင်းသား၏ မိန့်ခွန်း)
