Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
- အုပ်ချုပ်သူ မင်းသားအနေဖြင့် ကွယ်လွန်လျှင် ဖြစ်စေ၊ ရာထူးမှ အနားယူလျှင် ဖြစ်စေ ဆက်ခံသူ အပြောင်းအလဲ ကာလတွင် အုပ်ချုပ်မှု မပျက်ပြားစေရန် အလို့ငှာ တော်ဝင်မိသားစုဝင်များ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် အိမ်တော် ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းရမယ်။
- မင်းသား သည် ဒေသ အုပ်ချုပ်ရေး အတွက် အထွဋ်အထိပ် ပုဂ္ဂိုလ် ဖြစ်ကာ ဗဟိုအဖွဲ့၏ ဥက္ကဌ လည်း ဖြစ်သည်။ သို့သော် မင်းသား အနေဖြင့် ဥက္ကဌ ရာထူး ကို အခြားသူသို့ လွဲပြောင်းပေးအပ်နိုင်ပြီး အုပ်ချုပ်ရေး၏ အတိုင်ပင်ခံ သဘာပတိ အဖြစ် ဆက်လက်တည်ရှိနိုင်သည်။
- ဗဟိုအဖွဲ့၏ အတွင်းရေးမှူး သည် ဒေသ ၏ ဝန်ကြီးချုပ် ရာထူး နှင့် အလားသဏ္ဍာန် တူပြီး မင်းသားက ရွေးချယ်ကာ ပြည်သူ့အတိုင်ပင်ခံကောင်စီက အတည်ပြုရမည်။
- မင်းသား သည် ဆက်ခံသူ ကို တိုက်ရိုက် ရွေးချယ်နိုင်ပြီး အဆိုပါ ရွေးချယ်ခံရသူ သည် ဒေသအုပ်ချုပ်ရေး တွင် မင်းသား လွဲအပ်သည့် တာဝန်များကို ဆောင်ရွက်ရမည်။
- အုပ်ချုပ်ရေး တွင် တာဝန်ထမ်းဆောင်မည့် ဒေသဝန်ကြီးများကို မင်းသားက တိုက်ရိုက်ခန့်အပ်နိုင်သော်လည်း ပြည်သူ့အတိုင်ပင်ခံ ကောင်စီတွင် အတည်ပြုရမည်။
- ပြည်သူ့အတိုင်ပင်ခံကောင်စီ ကို မင်းသားက ဖျက်သိမ်းခြင်း၊ အသစ်ဖွဲ့စည်းခြင်းတို့ကို လုပ်နိုင်သည်။