ယောနသံ ဒေသ အုပ်ချုပ်ရေး စနစ်
ပြည်သူများမှ ရွေးကောက်တင်မြှောက်သည့် ပြည်သူ့ အတိုင်ပင်ခံ ကောင်စီ သည် လွှတ်တော် အဖြစ် တည်ရှိနေပြီး အစိုးရကို ပဲ့ကိုင် ထိန်းကျောင်း တည့်မတ်ထားကာ သီးခြား လွတ်လပ်သော အဆို များ နှင့် ဆုံးဖြတ်ချက်များကို ချမှတ်သည်။
ကာကွယ်ရေး အတွက် အမျိုးသား ကာကွယ်ရေး အဖွဲ့ကို ဖွဲ့စည်းထားကာ လက်နက်တပ်ဆင်ထားပြီး အဆိုပါ အဖွဲ့ တွင် ကြည်း၊ ရေ၊ လေ ဟူ၍ ခွဲခြားထားသည်။ လေတပ် တွင် တောင်ပံနှစ်ထပ် အပေါ့စား ကင်းလှည့် လေယာဉ်များ နှင့် အပေါ့စား ရဟတ်ယာဉ်ငယ် တို့ ပါဝင်ပြီး လေတပ် တွင် ကမ်းရိုးတန်းသွား သင်္ဘော များ နှင့် အတူ ရေငုပ်သင်္ဘော ၁ စီး ပါဝင်သည့် ရေငုပ်သင်္ဘော တပ်ဖွဲ့ငယ် ကို ထည့်သွင်းဖွဲ့စည်းထားသည်။ မြေပြင် လေပြင် နှင့် ရေပြင်ကို ကာကွယ်နိုင်ရန် အတွက် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လာမည့် အနာဂတ်တွင် ထပ်မံ တိုးချဲ့ ရန် အတွက်လည်း စစ်အသုံးစားရိတ်ကို တို်းမြှင့်ထားသည်။
တရားဥပဒေ စိုးမိုးရေ အတွက် အမျိုးသား ရဲ အဖွဲ့ နှင့် တရားဥပဒေ ဆိုင်ရာ ခုံရုံးများ ရှိပြီး အရည်အချင်း ပြည့်မီသော တရားဥပဒေ ဆိုင်ရာ အရာရှိ၊ အရာခံ များဖြင့် ဖွဲ့စည်းထားသည်။
