ယောနသံ ဒေသသည် Democratic Monarchy စနစ်ကို ကျင့်သုံးပြီး လူတန်းစား လွတ်လပ်ရေး ကို ကာကွယ်ပါသည်။

Search This Blog

လက်ရှိ ဒေသ ၏ အခြေအနေနှင့် ပတ်သက်၍ ယောနသံ ဒေသ အကြီးအကဲ၏ မိန့်ခွန်း


“ယုံကြည်မှုကို သစ္စာဖောက်တဲ့ အစိုးရဟာ အာဏာကို ချုပ်ကိုင်ပိုင်ခွင့် မရှိပါဘူး” - ပထမ မိုးနတ်မင်းသား 

ချစ်ခင်ရပါသော ပြည်သူ အပေါင်းတို့ ခင်ဗျာ 

ဒီနေ့ မှာ ကျွန်တော်ဟာ ယောနသံ ဒေသ ခေါင်းဆောင် အဖြစ်တင်မက ကျွန်တော်တို့ ဒေသက ပြည်သူတွေရဲ့ အနာဂတ် အတွက် တာဝန်ရှိသူ တစ်ယောက် အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ကျွန်တော် ဟာ စိတ်ထဲ လေးလံ ပေမယ့်လည်း ခိုင်မာတဲ့ စိတ်တဲ့ အုပ်ချုပ်ရေး အာဏာကို အပြည့်အဝ ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ပေါ့ပေါ့တန်တန် ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ဒေသ တည်ငြိမ်မှု၊ လုံခြုံမှု နဲ့ သာယာဝပြောရေး ကို ပြန်လည်တည်ဆောက်ဖို့ အတွက် တစ်ခုတည်းသော လမ်းကြောင်း ကို မလွဲမသွေ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီနေရာ မှာ တစ်ခု သတိပေးချင်တာက ကျွန်တော်ဟာ ဒေသ တည်ဆောက်ရေး အတွက် လိုအပ်ချက်အရ တာဝန်ယူတာ ဖြစ်လို့ ဝန်ကြီးချုပ် ရာထူး ကို အမြဲတမ်း ယူထားမှာ မဟုတ်ပဲ နောင်တချိန်မှာ သက်ဆိုင်သူများကို ဆက်လက် အာဏာ ပေးအပ်မှာ ဖြစ်ပါတယ်။ 

ဒီလုပ်ဆောင်ချက်က ဘာကြောင့် လိုအပ်တာလဲ။

ပြီးခဲ့တဲ့ ကာလတွေမှာ ကျွန်တော်တို့ အစိုးရဟာ ဒေသလုံခြုံရေးနဲ့ စီးပွားရေးကိုထိခိုက်စေပြီး ဒေသတွင်း စည်းလုံး ညီညွတ်မှုကို ခြိမ်းခြောက်နေတဲ့ ပြည်တွင်းရေး ကိစ္စကို ရင်ဆိုင်ခဲ့ရပါတယ်။ ယခင် ဝန်ကြီးချုပ် ဦးသက်ထွန်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မင်းဇော်တို့ ဦးဆောင်တဲ့ အစိုးရဟာ ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်ရမယ့် တာဝန်ကို ပျက်ကွက်ခဲ့ပါတယ်။ 

လုံခြုံရေးပျက်ကွက်မှုများနှင့် စစ်ရေးအားနည်းမှု

ကျွန်တော်တို့ဟာ ခုခံ ကာကွယ်ရေးမှာ ထိလွယ်ခိုက်လွယ် အခြေအနေ ဖြစ်နေခဲ့ပေမယ့် ကျွန်တော်တို့ ရန်သူတွေဟာ ပိုပြီး အားကောင်းလာပါတယ်။ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်တွေကို စီမံခန့်ခွဲမှု လွဲချော်ခဲ့ပြီး အရေးကြီးတဲ့ ကာကွယ်ရေး လုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။ ခေါင်းဆောင်မှု ညံ့ဖျင်းတာကြောင့် မလိုလားအပ်တဲ့ နယ်မြေ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ပြည်သူကို အကာအကွယ် မပေးနိုင်တဲ့ အစိုးရဟာ အုပ်ချုပ်ဖို့ မသင့်လျော်ပါဘူး။ 
စီးပွားရေး စီမံခန့်ခွဲမှု နှင့် လာဘ်ပေးလာဘ်ယူမှု 
ဒေသရဲ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ အစိုးရတာဝန်ရှိသူတချို့ဟာ သူတို့ပဲ အကျိုးရှိစေမယ့် အကျင့်ပျက်ခြစားတဲ့ လုပ်ရပ်တွေမှာ ပါဝင်နေပါတယ်။ ဒီထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ နည်းသွားပြီး မဆင်မခြင် ငွေကြေးမူဝါဒတွေကြောင့် မလိုလားအပ်တဲ့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ကျဆင်းသွားတာကြောင့် ပြည်သူတွေအတွက် ကူညီမှုတွေ လည်း လျှော့နည်း သွားခဲ့ရပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုကို သစ္စာဖောက်တဲ့ အစိုးရဟာ အာဏာကို ချုပ်ကိုင်ပိုင်ခွင့် မရှိပါဘူး။ 

သံတမန်ရေးရာ မအောင်မြင်မှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှု 

အတည်မပြုတဲ့၊ ဘယ်သူ့ သဘောဆန္ဒမှ မပါတဲ့ နိုင်ငံခြားသဘောတူညီချက်တွေဟာ ကျွန်တော်တို့ ဒေသရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သံတမန် ဟာ အထီးကျန်မှုကို ဦးတည်လာခဲ့ပြီး မဟာမိတ်တွေကို ပစ်ပယ်ခဲ့ပါတယ်။ ညီညွတ်ရေးကို ဦးစားပေးရမယ့် အစား ငါစွဲ ဝါဒ ကို ကျင့်သုံးခဲ့ပါတယ်။ အချုပ်အခြာအာဏာနဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ အစိုးရတစ်ရပ်ကို ဆက်လက်ရပ်တည်ခွင့်မပြုနိုင်ပါဘူး။ 

ယောနသံ အနာဂတ် 

ဒါတွေကြောင့် ကျွန်တော်ဟာ အစိုးရ နဲ့ တပ်မတော်အပေါ် တိုက်ရိုက်ဦးဆောင်မယ့် တာဝန်ယူလိုက်ပါတယ်။ ဒါဟာ ကျွန်တော့် အတွက် အာဏာသိမ်းတာ မဟုတ်ပါဘူး။ ပြန်လည်ထူထောင်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး နဲ့ ဒေသ တည်ငြိမ်အေးချမ်းရေး သေချာစေဖို့ ဆောင်ရွက်ဖို့ရာ ဖြစ်ပါတယ်။ 
ပြည်သူအပေါ် သစ္စာရှိပြီး ဒေသခံ လုံခြုံရေးနဲ့ စီးပွားရေးတိုးတက်မှုကို အလေးထားသလို ပြည်သူ့သစ္စာ စောင့်သိမယ့် စွမ်းရည်ရှိ အစိုးရသစ်အဖြစ် ရှေ့ဆက်သွားပါမယ်။ ကျွန်တော်တို့ဟာ ဒေသကို ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ပြီး စီးပွားရေးကို အားကောင်းစေဖို့နဲ့ ဒေသရဲ့ သိက္ခာ မြင့်မားအောင် ဆက်လက် တည်ဆောက်မှာပါ။ 

ယောနသံ ကို ကျွန်တော်တို့ အတူတူ တည်ဆောက်ကြရပါမယ်။
လက်ရှိ ဒေသ ၏ အခြေအနေနှင့် ပတ်သက်၍ ယောနသံ ဒေသ အကြီးအကဲ၏ မိန့်ခွန်း လက်ရှိ ဒေသ ၏ အခြေအနေနှင့် ပတ်သက်၍ ယောနသံ ဒေသ အကြီးအကဲ၏ မိန့်ခွန်း Reviewed by Yaw Na Than Gov on February 25, 2025 Rating: 5

No comments:

Powered by Blogger.