ယောနသံဒေသ၏ အမြင့်ဆုံး ဘွဲ့ဂုဏ်ထူးဖြစ်သည့် ယောနသံ အားမာန်ဘွဲ့ကို လက်ရုံးကောင်စီ ၏ အတွင်းရေးမှူးဖြစ်သူ ဦးဗလဇော်အား ချီးမြှင့်လိုက်သည်။
ဦးဗလဇော်သည် ဒေသတည်ထောင်ရာတွင် အဓိကနေရာက ပါဝင်သည့်
ယောနသံ တပ်ဦးအဖွဲ့သို့ သာမန်အဖွဲ့ဝင်အဖြစ်မှစတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ကျရာတာဝန်ကိုထမ်းဆောင်ခဲ့ကာ အဆင့်ဆင့်သောတာဝန်များကိုထမ်းရွက်ခဲ့သည်။
၄င်း၏ထင်ရှားသောဆောင်ရွက်ချက်များအနက် လူသိအများဆုံးမှာ ယောနသံဒေသသို့ပြည်တော်ဝင်တိုက်ပွဲကာလအတွင်းအရပ်သားပြည်သူများကို ဘေးကင်းရာသို့ပို့ဆောင်ရာတွင် ပြည်လည်ထူထောင်ရေးဌာန ဌာနမှူးတာဝန်ထမ်းဆောင်ရင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယောနသံဒေသတိုးတက်ရေးအတွက်လည်းကျရာတာဝန်များကိုထမ်းရွက်ရာတွင် ရာထူးကိုမကြည့်ပဲ ပြည်သူအကျိုးကိုသာကြည့်ခဲ့သည်။ ထို့နောက် အဆင့်ဆင့်သောတာဝန်များကိုထမ်းဆောင်ပြီးနောက် ယောနသံဒေသ၏ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဥ်ကာလအတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သည်။
ပြုပြင်ပြောင်းလဲရေးအလွန်ကာလတွင်လည်း လက်ရုံးကောင်စီ အတွင်းရေးမှူးအဖြစ်ယနေ့တိုင်ဒေသကို တိုးတက်စေရေး တာဝန်ယူနေသူဖြစ်သည်။
ပထမ မိုးနတ်မင်းသား
အကြီးအကဲ
ယောနသံဒေသအစိုးရအဖွဲ့
ဒေသ၏အမြင့်ဆုံး ဘွဲ့ဂုဏ်ထူးဖြစ်သည့် ယောနသံ အားမာန်ဘွဲ့ ချီးမြှင့်ခြင်း
Reviewed by Yaw Na Than Gov
on
December 26, 2023
Rating:
No comments: