အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံ ဘောလုံးအသင်းသားများ နှင့် တာဝန်ရှိသူများကို ဆုချီးမြှင့်

Legendary အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည့် ယောနသံ ဘောလုံးအသင်းသားများနှင့် တာဝန်ရှိသူများအားလုံးအားဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်က ယောနသံမြို့၊ မင်းသားအိမ်တော်တွင် ပြုလုပ်ခဲ့သည်။ 

ယင်းပွဲသို့ ဒေသအစိုးရအဖွဲ့ အကြီးအကဲ ပထမ မိုးနတ်မင်းသား၊ အတွင်းရေးမှူး ဦးဗလဇော် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ 

အဆိုပါပွဲတွင် ယောနသံဒေသ ဘောလုံးအသင်းအတွက်ဆုကြေးငွေ ကျပ်သိန်းငါးထောင်ကို ယောနသံဒေသ အစိုးရအဖွဲ့ကိုယ်စား ပထမ မိုးနတ်မင်းသားကပေးအပ်ခဲ့ရာ အသင်းနည်းပြချုပ်က လက်ခံရယူသည်။