Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
ယောနသံ ဒေသအကြီးအကဲ ပထမ မိုးနတ်မင်းသား သည် စက်တင်ဘာလ ၅ ရက်မှ ၉ ရက် အထိ ဖီဂျီနိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်ရာတွင် စင်တင်ဘာလ ၅ ရက်က ဖီဂျီနိုင်ငံ ၏ မြို့တော် Suva သို့ရောက်ရှိခဲ့ပြီး အဆိုပါနိုင်ငံ၏ သမ္မတ Wiliame Katonivere ကို ဂါရဝပြု တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဥ် ယောနသံဒေသ၏ စီးပွားရေးလုပ်ငန်းများအခြေအနေနှင့် ဖီဂျီနိုင်ငံတွင် ယောနသံဒေသမှ ကိုယ်စားလှယ်ရုံးဖွင့်လှစ်မည့်အခြေအနေအပါအဝင်
ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ဗမာရိုးရာလက်ဆောင်ပစ္စည်းများကိုအမှတ်တရပေးအပ်သည်။
ထို့နောက် အဆိုပါနေ့တွင်ပင် ဖီဂျီနိုင်ငံ၏ ဝန်ကြီးချုပ် Sitiveni Ligamamada Rabuka နှင့်တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုဆွေးနွေးပြီးအဆိုပါနေ့ ညပိုင်းတွင် ဝန်ကြီးချုပ်ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်သည်။
ထို့နောက် စက်တင်ဘာလ ၆ ရက်တွင် ဖီဂျီနိုင်ငံ၏ စီးပွားရေးဝန်ကြီး Aiyaz Sayed-Khaiyum နှင့်တွေ့ဆုံကာဆွေးနွေးသည်။
အဆိုပါခရီးစဥ်အတွင်း ပထမ မိုးနတ်မင်းသားသည်် ဖီဂျီနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း၊ Fiji Focus သတင်းစာ၏ မေးမြန်းမှုကိုဖြေကြားခြင်းနှင့် ခရီးသွားလုပ်ငန်းများကို လေ့လာခဲ့သည်။