အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

အမြင့်တောင်က ရသည့် ပယင်းအတွင်း Mesozoic ကာလ က ရှင်သန်ခဲ့သည့် ခြင်တစ်ကောင်၏ ရုပ်ကြွင်းတွေ့ရှိ

ယောနသံ အမျိုးသား တက္ကသိုလ် ဘူမိဗေဒဌာန မှ ပညာရှင်များသည် အိမ်ဦးဒေသခွဲ ရှိ အမြင့်တောင်တွင် ပြုလုပ်သော သုတေသန ကာလ၌ ပယင်အတွင်း ပိတ်မိ​နေသော Mesozoic ကာလက ရှင်သန်ခဲ့သည့် ခြင်တစ်ကောင်၏ ရုပ်ကြွင်းကို တွေ့ရှိခဲ့သည်။

Mesozoic ကာလ သည် ဒိုင်နိုဆောများ ရှင်သန်ခဲ့ရာ ကာလ တစ်ခု ဖြစ်ပြီး ယခု တွေ့ရှိရသော ရုပ်ကြွင်း တွင် ခြင်တစ်ကောင်၏ အစိတ်အပိုင်းများ အားလုံး မပျက်မစီး ရှိနေကာ ယခင်မြင်တွေ့ရဖူးခြင်း မရှိသေးသည့် ခြင်မျိုးစိတ် ဖြစ်နေသောကြောင့် ဆက်လက်လေ့သွားမည် ဖြစ်သည်။

"စတွေ့တုန်းက ကျွန်တော်တို့ဟာ ဒီအတိုင်း သာမန်ပယင်းတစ်ခုထဲက အမှုန်အမွှားများလား ထင်ခဲ့တာပါ။ နောက်ပိုင်းလေ့လာတဲ့အခါ ခြင်တစ်ကောင် ဖြစ်ကြေုင်း သိရပြီး ပိုသေချာအောင်လေ့လာဖို့ အတွက် တရုတ်နိုင်ငံ ဘေကျင်းတက္ကသိုလ်ကို ပေးပို့ အကူအညီတောင်းခံခဲ့ပါတယ်" ဟု ယောနသံ အမျိုးသားတက္ကသိုလ် မှ လေ့လာရေးအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာ တင့်လွင်အောင်က ပြောသည်။ 

အဆိုပါ ပယင်းကို ယောနသံ အမျိုးသား တက္ကသိုလ်တွင် ပြသွားမည် ဖြစ်ပြီး သုတေသန လုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


စာမူမှတ်တမ်း