အမျိုးသား ကာကွယ်ရေး တပ်မတော် (ကြည်း) ဖွဲ့စည်းပုံ
အမျိုးသား ကာကွယ်ရေး တပ်မတော် (ကြည်း) ၏ အခြေခံအကျဆုံး မှာ တပ်မတော်သား တစ်ဦးချင်းစီ ဖြစ်ပြီး ဆောင်ပုဒ် မှာ "ရင်မြေ ကတုတ်" ဖြစ်သည်။
တပ်စိတ်တစ်စိတ်လျင် အင်အား(၁၀)ဦးရှိပြီး တပ်ကြပ်တစ်ဦး ကွပ်ကဲသည်။ တပ်စိတ်(၃)စု လျင် တပ်စု(၁)စုအဖြစ်သတ်မှတ်ပြီး ဗိုလ် သို့မဟုတ် ဗိုလ်ကြီးတစ်ဦး ကွပ်ကဲသည်။ တပ်စု(၃)စုလျင် တပ်ခွဲ(၁)ခွဲဟု သတ်မှတ်ပြီး ဗိုလ်မှူး (သို့မဟုတ်) ဗိုလ်ကြီး တစ်ဦး ကွပ်ကဲသည်။
တပ်ရင်းတွင် တိုက်ခိုက်ရေးတပ်ခွဲ(၄)ခွဲနှင့် ဌာနချုပ်တပ်ခွဲ(၁)ခွဲ၊ စုစုပေါင်း တပ်ခွဲ(၅) ခွဲပါဝင်ပြီး ဒုတိယဗိုလ်မှူးကြီး တစ်ဦး ကွပ်ကဲသည်။ ဌာနချုပ် တပ်ခွဲတွင်မော်တော်ယာဉ်တပ်စု၊ ဆေးတပ်စုတို့ပါဝင်သည်။
တပ်ရင်း(၃)ရင်း မှ တပ်ရင်း (၆) ရင်း ကို စုဖွဲ့၍ တပ်မဟာ ၁ ခု အဖြစ် သတ်မှတ်ကာ ဗိုလ်မှူးချုပ်တစ်ဦးက ကွပ်ကဲသည်။ တပ်ဖွဲ့ စစ်ဌာနချုပ် (၁) ခု နှင့် ဗိုလ်ချုပ် ၁ ဦးစီ ကွပ်ကဲသော ဒေသလုံခြုံရေး အခြေအနေအရ ဖွဲ့စည်းထားသည့် ပင်လယ်ထိစပ်ဒေသ လုံခြုံရေး နှင့် အထူးဒေသခွဲ စစ်ဌာနချုပ် (၁) ခု နှင့် နယ်ခြားလုံခြုံရေး စစ်ဌာနချုပ် (၁) ခု ရှိသည်။
အမျိုးသား ကာကွယ်ရေး တပ်မတော်(ကြည်း) ၏ ဖွဲ့စည်းပုံတွင် -
- ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
- စစ်ဦးစီး/ စစ်ရေး/ စစ်ထောက် ဆိုင်ရာ အရာရှိချုပ်ရုံးများ။
- ကာကွယ်ရေးဦးချုပ်ရုံး(ကြည်း)၊ စစ်ဆင်ရေး(အထူး)အဖွဲ့ ။
- လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့ အရာရှိချုပ်ရုံး။
- ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးများ တို့ ဖြစ်သည်။
တပ်မဟာများ
- အမှတ် ၃ တပ်မဟာ
- အမှတ် ၆ တပ်မဟာ
- အမှတ် ၉ တပ်မဟာ
- အမှတ် ၁၂ တပ်မဟာ
- အမှတ် ၁၅ တပ်မဟာ