အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ရတနာရွှေမြေ ကိုယ်ပိုင်ချုပ်ခွင့်ရသော ဒေသ ၏ ကာကွယ်ရေး တပ် ဖွဲ့စည်းကြောင်း အမိန့်

မကြာမီ အချိန်က ယောနသံ ဒေသ နှင့် အကျိုးတူ ပူးပေါင်းလာခဲ့သည့် ရတနာ ရွှေမြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ဒေသ ၏ ကာကွယ်ရေး နှင့် လုံခြုံရေး အတွက် ရတနာ ရွှေမြေ ကာကွယ်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ 

အဆိုပါ တပ်ဖွဲ့ တွင် တော်ဝင် တပ်မတော် နှင့် ရတနာ ရွှေမြေဒေသ အမျိုးသားကာကွယ်ရေး တပ်မတော် ဟူ၍ နှစ်ပိုင်း ပါဝင်မည် ဖြစ်ပြီး အဆိုပါ တပ်မတော် နှစ်ခု စလုံး ၏ သေနာပတိ မှာ ပထမ သေနင်္ဂမင်းထင် မင်းသား ဖြစ်ပြီး တပ်ဖွဲ့ တစ်ဖွဲ့စီ ၏ တာဝန်ခံ အဖြစ် တော်ဝင်တပ်မတော် မှ တပ်မှူး တစ်ဦး နှင့် အမျိုးသားကာကွယ်ရေး တပ်မတော်မှ တပ်မှူး တစ်ဦး ကို တာဝန်ပေးအပ်ရမည် ဖြစ်သည်။ 

ရတနာ ရွှေမြေဒေသ အမျိုးသားကာကွယ်ရေး တပ်မတော် အတွက် အမျိုးသား ကာကွယ်ရေး တပ်မတော်မှ အရာရှိ၊ စစ်သည် များကို တာဝန်ပေးအပ်မည် ဖြစ်ပြီး တော်ဝင်တပ်မတော် အတွက် မူ ရတနာရွှေမြေ အစိုးရက စီစဉ်သွားမည် ဖြစ်သည်။ 

ပုံ 

ပထမ မိုးနတ်မင်းသား 

ပုံ 

သေနင်္ဂမင်းထင်မင်းသား 


စာမူမှတ်တမ်း