Search
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ
×
မိခင်နိုင်ငံတော် ဖြစ်သော မြန်မာပြည်ထောင်စု သည် လက်ရှိ အချိန်တွင် စစ်အုပ်စု ၏ ဖိနှိပ်ခံရမှု အတွင်း တည်ရှိနေသေးကြောင်းကို အားလုံး သိကြမည် ဖြစ်ပါသည်။ အဆိုပါ အခြေအနေမှာ ယောနသံဒေသ ပေါ်ပေါက်စေသော အကြောင်းအချက် ဖြစ်လာခဲ့ပါသည်။
ဖိနှိပ်မှု အောက်က နင်းပြား ပြည်သူများ အတွက် ယောနသံ က ရပ်တည်သွားမည် ဖြစ်ပြီး လိုအပ်သော အကူအညီများ ပေးနိုင်ရေး နှင့် လွတ်လပ်ပြီး အမှီအခိုကင်းသော ရပ်ဝန်းငယ်တစ်ခု အမြန်ဆုံး တည်ဆောက်ရေးကို ယောနသံ က လိုလားပါသည်။ လက်ရှိ အခြေအနေတွင် ဗမာ နင်းပြားတို့ အတွက် အကာအကွယ် တစ်ရပ် လိုအပ်နေသည်မှာ အမှန် ဖြစ်ပြီး ဒီမိုကရေစီ စနစ်က အဖြေဆိုခြင်းကို ယောနသံ လွတ်မြောက်နယ်မြေဖော်ဆောင်ရေး လက်ရုံး ကော်မတီက မယုံကြည်ပါ။ ထို့ကြောင့် မိမိတို့ ဘာသာ အဖြေရှာမည် လမ်းစဉ်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။
ဗမာ ပြည်သူများ နှင့် အတူ ယောနသံ တည်ရှိနေမည် ဖြစ်ပြီး တည်ထောင်အံ့သော ယောနသံ လွတ်မြောက်ရေး နယ်မြေ အတွက် အားလုံး ပူးပေါင်း ပါဝင်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
ပုံ
----
ယော်နသံ လွတ်မြောက် နယ်မြေ ဖော်ဆောင်ရေး လက်ရုံးကော်မတီ